မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၅။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသားလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

မောင်တောမြို့နယ်၊ သီဟိုအေးကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ထွန်းစိန်သည် ဝေသာလီကျေးရွာတွင် နေ့စားအလုပ်လုပ်ရင်း(ခြံသန့်ရှင်းရေးလုပ်ရင်း) ဖေဖော်ဝါရီလ ၈ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်ကျင်တွင် မြေမြုပ်မိုင်းနင်းမိကာ ညာဖက်ခြေဖမိုး ပြတ်ထွက်သွားကြောင်း သိရသည်။

“အိမ်ခြံသန့်ရှင်းရေး အငှားသွားလုပ်ရင်းနဲ့ မိုင်းနင်းမိပြီး ယာဖက်ခြေဖမိုး ပြတ်ထွက်သွားတာပါ။ သူ့ကို ဘူးသီးတောင်ဆေးရုံကိုခေါ်သွားပြီး ဆေးကုသနေတယ်။ သူ့ရဲ့မိသားစုတွေအတွက် ဆေးကုသစရိတ် အခက်အခဲဖြစ်နေလို့ ငွေကြေးအကူအညီ လိုအပ်နေပါတယ်…” ဟု မောင်တောဒေသခံ တစ်ဦးထံမှ သိရသည်။

မောင်တောမြို့နယ် သီဟိုအေးကျေးရွာမှ ဒေသခံများသည် အေအေတပ်ဖွဲ့နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၄ ခုနှစ် ဧပြီလတွင် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုနှစ် ဇန်နဝါရီလအတွင်း နေရပ်ပြန်လာကာ ပြန်လည်နေထိုင်ရင်း မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် နေ့စားအလုပ်ကို လုပ်ကိုင်နေရာမှ ယခုကဲ့သို့ ရှင်းလင်းမထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *