တီးတိန်မြို့နယ်ကောင်စီမှ ဒေသတွင်း လမ်းများကို ပြုပြင်ဆောင်ရွက်နေ

တီးတိန်မြို့နယ်ကောင်စီမှ ဒေသတွင်း လမ်းများကို ပြုပြင်ဆောင်ရွက်နေ

ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဒေသတွင်းရှိ လမ်းတချို့ကို တီးတိန်မြို့နယ်ကောင်စီ Tedim Township Council မှ ပြုပြင်ဆောင်ရွက်နေကြောင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

တီးတိန်မြို့နယ်အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများမှ တီးတိန်မြို့နယ်ကောင်စီအတွက် လှူဒါန်းပေးအပ်သည့်ငွေများနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းများကို ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။

တီးတိန်မြို့နယ်ကောင်စီသည် မြို့နယ်အတွင်း ဆက်လက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြုလုပ်ဖို့ ကြိုးစား၍ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *