ကလေးမြို့နယ် ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း လေးခု ထပ်မံ၍သိမ်းပိုက်ရရှိ
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်းပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်တွင်ရှိသည့် အကြမ်းဖက် စစ်ကောင်းစီတပ်စခန်း လေးခုကို CNA, CDFs, KIA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွေမှာ ထပ်မံ၍ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်မှ သိရသည်။
ကလေးမြို့နယ်တောင်ပိုင်း အောင်သာယာ (ရွာသစ်နှင့် ရွာဟောင်း)၊ မှန်တောကျေးရွာတွင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ပြီး ကြံသာကျေးရွာတွင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် CNA, CDFs, KIA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လေကြောင်းဖြင့် ဗုံးကြဲ၍ပစ်ကူတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ တပ်စခန်းလေးခုကို ထပ်မံ၍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ်းပါးနီတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တော်လှန်ရေး အင်အားစုများမှ သိမ်းပိုက်နိုင်ခဲ့ကာ စစ်တုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
သတင်း – James Roe