ချင်းပြည် (Chinland) ကောင်စီမှ MDF နှင့် CDF-Lautu ကြား ပစ်ခက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

ချင်းပြည် (Chinland) ကောင်စီမှ MDF နှင့် CDF-Lautu ကြား ပစ်ခက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

ဖေဖေါ်ဝါရီလ ၁၇ ရက်၊ ၂၀၂၅။

ချင်းပြည်(Chinland) ကောင်စီမှ MDF နှင့် CDF-Lautu ကြား လက်ရှိဖြစ်ပွားနေသည့် ပစ်ခက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၈/ ၂၀၂၅ စာအမှတ်ဖြင့် သတင်းထုတ်ပြန်ထားသည်ကို သိရသည်။

ချင်းပြည်(Chinland)ကောင်စီသည် ချင်းပြည်(Chinland) တည်ဆောက်ရေး၊ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ချင်းပြည်(Chinland) အတွင်း စစ်အာဏာရှင်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေး၊ ချင်းပြည်(Chinland)အတွင်း စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ ဖေါ်ဆောင်နိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

MDF နှင့် CDF-Lautu ကြား ပစ်ခတ် တိုက်ခိုက်မှုနှင့် ပက်သက်၍ နှစ်ဖက်အဖွဲ့အစည်းကြားဖြစ်ပွားသည့် ပြဿနာသာဖြစ်ပြီး ချင်းပြည် (Chinland)ကောင်စီအနေဖြင့် ချင်းလူမျိုးအချင်းချင်းကြား တိုက်ခိုက်သတ်ဖြတ်မှုများကို လက်မခံသည့်အပြင် စစ်ရေးဖေါ်ဆောင်မှုများ၊ တိုက်ခိုက်မှုများတွင်လည်း ပူးပေါင်းပါဝင်ခြင်းမရှိကြောင်း သိရသည်။

ချင်းပြည်(Chinland)ကောင်စီအနေဖြင့် ချင်းလူမျိုးများအကြား သဘောထားကွဲလွဲမှုများကို အဆုံးသတ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကို အလေးထားဆောင်ရွက်နေကာ တော်လှန်ရေးကာလအတွင်း မြို့နယ်‌နှင့်‌ ဒေသအကြား၊ ချင်းမျိုးနွယ်စု အချင်းချင်းကြား အင်အားဖြင့် နိုင်ထက်ပြုခြင်း၊ နယ်‌‌မြေချဲ့ထွင် ခြင်းများကို‌ မပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။

MDF နှင့် CDF-Lautu ဖြစ်ပွားသည့် ပြဿနာများကို စစ်ရေးတိုက်ခိုက်မှု‌၊ အချင်းချင်း‌ သွေးထွက်သံယိုမှုဖြင့် ဖြေရှင်းခြင်းမှ ရပ်တန့်ရှောင်ရှားကာ ငြိမ်းချမ်းရေးလမ်းစဉ်၊ ပေါင်းစပ်ညှိနှိုင်းရေး လမ်းစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း ချင်းပြည်(Chinland)ကောင်စီမှ ယနေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *