တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာတချို့တွင် အဝင်/ အထွက် မပြုလုပ်ရန် ZRA-EC မှ သတိပေး

တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာတချို့တွင် အဝင်/ အထွက် မပြုလုပ်ရန် ZRA-EC မှ သတိပေး

ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အဝင်/ အထွက် သွားလာမှုများ မပြုလုပ်ရန် ဒေသခံပြည်သူများကို Zomi Revolutionary Army -Eastern Command(ZRA-EC)တပ်ဖွဲ့ မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ အသိပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးခိန်းရွာတွင် CDF-Tonzang ပါဝင်သည့် Chinland Council တပ်ဖွဲများနှင့် Zomi Revolutionary Army -Eastern Command(ZRA-EC) တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် Zomi Revolutionary Army -Eastern Command(ZRA-EC) တပ်ဖွဲ့ မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်၍ တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် ဒေသခံပြည်သူများကို အသိပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ Thalmual, Phaiza, Buanli, Dampi, Tuisanzang, Bukphil, Ngente, Darkhai, Tauleng, Ngalbual စသည့် ကျေးရွာများကို မည်သည့် အရေးတကြီး အကြောင်းကိစ္စကြောင့်ပဲဖြစ်ဖြစ် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်နှင့် အသိပေးချက်ကို လစ်လျူရှုပြီး သွားလာမှုများ ပြုလုပ်ရင်း တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် တာဝန်ယူမည် မဟုတ်ကြောင်း သိရသည်။

တီးတိန်နှင့် တွန်းဇန်မြို့နယ်တွင် ZRA နှင့် တခြားလက်နက်ကိုင်တပ်ဖွဲ့များသည် ဖေဖော်ဝါရီလအတွင်းတွင် ထိတွေ့မှုရှိခဲ့ပြီး တီးတိန်မြို့နယ် ဖိုင်းဇား (Phaiza) ကျေးရွာနှင့် ထာလ်မွာလ် (Thalmual) ရွာသစ် ကြားရှိ Chinland Council အဖွဲ့ဝင် PDA တပ်ဖွဲ့ ကင်းစခန်းတစ်ခုကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ZRA-EC မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *