ချင်းပြည်နယ် မြို့နယ် ၃ ခုရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့
ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် မြို့နယ် သုံးခုရှိ ချင်းလူမျိုး စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များကို ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (Network for Chin Community Development – NCCD) မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
ချင်းလူမျိုး စစ်ဘေးရှောင်များ နေထိုင်နေကြသည့် ဖလမ်းမြို့နယ်မှ ကျေးရွာ ၅ ရွာ၊ ထန်တလန်မြို့နယ်မှ ကျေးရွာ ၃ ရွာနှင့် မင်းတပ်မြို့နယ်မှ ကျေးရွာ ၄ ရွာ စုစုပေါင်း ကျေးရွာ ၁၂ ရွာတွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များကို NCCDမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်း – James Roe