တီးတိန်မြို့မှ စစ်ကောင်စီတပ်သား ၂ ဦး CDF CDM SIYIN ထံအလင်းဝင်

တီးတိန်မြို့မှ စစ်ကောင်စီတပ်သား ၂ ဦး CDF CDM SIYIN ထံအလင်းဝင်

ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ တီးတိန်မြို့  ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် CDF CDM SIYIN တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသည်ကို သိရသည်။

တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးဖြစ်သည့် တပ်သားကျော်စောနိုင်နှင့် တပ်သားဇော်လင်း တို့သည် ခဲယမ်းတချို့နှင့်အတူ အလင်းဝင်ရောက်ခြင်းဖြစ်ပြီး ခဲယမ်းတစ်ချို့နဲ့အတူ အလင်းဝင်ရောက်သောကြောင့် ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF CDM SIYIN မှ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ထဲမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း၊ မြို့တွင်းဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ သွားရောက်ကာ ကြိုဆိုပေးမည်ဖြစ်ကာ သွားလိုသည့်နေရာ၊ လုပ်ကိုင်လိုသည့် အလုပ်အကိုင်များကိုလည်း စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း CDF CDM SIYIN က ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *