ထိုင်း – မြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံသား ၁၁၆ ဦး ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီး
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅
ထိုင်း – မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသား ၁၁၆ ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများမှ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖော်ပြသည်ကို သိရသည်။
ထိုင်း – မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ Sangkla Buri တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးနှစ်ဦးအပါအဝင် အမျိုးသမီး ၄၄ ဦးနှင့် အမျိုးသား ၇၀ ဦး စုစုပေါင်း ၁၁၆ ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူများသည် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်ကို သိရသည်။
စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်တွင် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာပြည်မှ တရားမဝင် ဝင်ရောက်သူများ များပြားလာခြင်းကြောင့် ထိုင်း – မြန်မာနယ်စပ်များတွင် ထိုင်းရဲတပ်ဖွဲ့များ လုံခြုံရေး တင်းကြပ်ကာ စောင့်ကြည့်မှုများပြုလုပ်နေသည်ကို သိရသည်။
ထိုင်းနိုင်ငံ၊ ဖက်ချာဘူရီခရိုင်တွင် ကလေးသူငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၆ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာမှုကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သတင်း – James Roe