ဟားခါးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦး SRF တပ်ဖွဲ့ထံအလင်းဝင်

ဟားခါးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦး SRF တပ်ဖွဲ့ထံအလင်းဝင်

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅။

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သားတစ်ဦးသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် နှစ်ခုနှင့်အတူ Senthang Revolution Force (SRF) ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားအား Senthang Revolution Force (SRF) မှ ဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏တပ်ရင်းထဲတွင် ကျန်ရှိနေသေးသည့် တပ်ဖွဲ့ဝင်များကိုလည်း အလင်းဝင်ရောက်လိုလျှင် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် အမြဲကြိုဆိုကြောင်း Senthang Revolution Force (SRF) မှ ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *