မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့တွင် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပ
ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၅။
၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီ တွင် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ Chandmary Hall တွင် ကျင်းပကြောင်း သိရသည်။
ယနေ့ကျရောက်သည့် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးများနေထိုင်ရာ မြန်မာပြည်တွင်းနှင့် ပြည်ပနေရာအသီးသီးတွင် ပြုလုပ်ကျင်းပနေကြပြီး လောင်တလိုင်မြို့ရှိ Chandmary Hall တွင် ယနေ့ မနက် ၁၁ နာရီတွင် စတင်ကျင်းပသည့် ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းလူမျိုး ၁၀၀၀ ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။
သတင်း – James Roe