ဟားခါးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဟားခါးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၅

ချင်းပြည်နယ် ဟားခါးမြို့နယ် Halta ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ချင်းလူ့အခွင့်အရေးဖွဲ့ CHRO က ထုတ်ပြန်ထားသည်ကို သိရသည်။

ဟားခါးမြို့နယ် Halta ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲပိုင်း ၁ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးနှင့် လူကြီး ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

Halta ကျေးရွာသည် ဟားခါးမြို့နယ် Mie ဒေသတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ CDF – Hakhaမှ ထိန်းချုပ်ထားသည့်နယ်မြေဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်ဖြစ်စဉ်ကို CDF – Hakha မှ ထုတ်ပြန်လာခြင်းမရှိသေးကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *