ဟားခါးမြို့မှ စစ်ကောင်စီတပ်သား ၂ ဦး SRF တပ်ဖွဲ့ထံ အလင်းဝင်
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးသည် MA 1 သေနတ်နှစ်လက်နှင့်အတူ Senthang Revolutionary Force (SRF) ထံ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလင်းဝင်ရောက်လာကြောင်း သိရသည်။
Senthang Revolutionary Force (SRF) တပ်ဖွဲ့မှ လက်နက်နဲ့အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ငွေသားနှင့် အခြားသော အဖိုးတန်ပစ္စည်းများ ချီးမြှင့်ကြောင်း SRF မှ ထုတ်ပြန်ထားသည်ကို သိရသည်။
ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် MA 1 သေနတ်တစ်လက်နှင့်အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် SRF ထံအလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်ရင်းထဲတွင် ကျန်ရှိနေသေးသည့် တပ်ဖွဲ့ဝင်များကိုလည်း အလင်းဝင်ရောက်လိုလျှင် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် အမြဲကြိုဆိုကြောင်း Senthang Revolution Force (SRF) မှ ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe