ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို CDF – Asho မှ တိုက်ခိုက်
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ဆုတ်ခွာစစ်ဆင်လာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော် ပါဝင်သည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ် – အရှို CDF – Asho မှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ဆုတ်ခွာစစ်ဆင်လာသော စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါဝင်သည့် ယာဉ်တန်း ၄ စီးကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ်ရေကန်လမ်းဟောင်းတွင် CDF –Asho တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီခွဲတွင် ဖြတ်တောက်တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး စစ်ကား တစ်စီးမီးလောင်ပျက်စီးမှုနှင့် လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း သိရသည်။
CDF – Asho တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ခိုက်မှုတွင် CDF – Asho ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
သတင်း – James Roe