အင်္ဂလီကန်အသင်းတော် ဘုန်းတော်ကြီးမောင်စိန်၏သားဖြစ်သူ မောင်ဟင်နရီလော်ရာအတွက် အရေးပေါ်ဆေးကုသစရိတ် အကူအညီလိုအပ်နေ

အင်္ဂလီကန်အသင်းတော် ဘုန်းတော်ကြီးမောင်စိန်၏သားဖြစ်သူ မောင်ဟင်နရီလော်ရာအတွက် အရေးပေါ်ဆေးကုသစရိတ် အကူအညီလိုအပ်နေ

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅။

ချင်းပြည်နယ် ပလက်ဝမြို့ အင်္ဂလီကန်အသင်းတော် ဘုန်းတော်ကြီးမောင်စိန်နှင့် ဒေါ်ကျင်ကျင်ဝင်းတို့၏ သားဖြစ်သူ မောင်ဟင်နရီလော်ရာ အသက် ၁ နှစ် ၃ လ သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ပြည်သူ့ဆေးရုံ (Civil Hospital) ရှိ ဆရာဝန်ထံတွင် ယနေ့ ၂၄ ရက်နေ့ ပြသပြီးနောက် အိုက်ဇောမြို့ရှိဆေးရုံတွင် ဆေးကုသမှုခံယူရန်အတွက် ဆရာဝန်မှ ထပ်မံ၍ ညွှန်ကြားလာသည့်အတွက်ကြောင့် ဆေးကုသစရိတ် အကူအညီလိုအပ်နေကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သိရသည်။

ပလက်ဝမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Rev.မောင်စိန်၊ ဒေါ်ကျင်ကျင်ဝင်းနှင့် သားဖြစ်သူ မောင်ဟင်နရီလော်ရာ (အသက် ၄၀ ရက်သားသာ ရှိသေးသည်) တို့သည် ပလက်ဝမြို့နယ် ပိန္နဲတစ်ပင်ကျေးရွာတွင် စစ်ရှောင်နေစဉ် ကလေးငယ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ညတွင် အပြင်းဖျားကာ(ငှက်ဖျား) တက်သွားရာမှ ၁၀ ရက်နေ့မှစ၍ သတိမေ့မျောခဲ့ပြီး ၁၂ ရက်နေ့ မီးဇာဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

မီးဇာဆေးရုံသို့ရောက်ရှိပြီး ကလေးအား ငှက်ဖျားဆေးထိုးပေးခြင်းနဲ့ တခြားဆေးများ ထိုးပေးခြင်းများ ထိုးကာ ကုသပေးခဲ့ပြီး ၈ ရက်အကြာ(၂၀၂၄၊ ဇန်နဝါရီလ ၂၀ ရက်နေ့) တွင် ပြန်လည်သတိရလာပြီး နောက်ထပ် တစ်ပတ်ကြာ မီးဇာဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် ပိန္နဲတစ်ပင်ရွာသို့ ပြန်လာခဲ့ပြီး ကလေးသည် နေကောင်းကျန်းမာလာပြီး ပိန္နဲတစ်ပင်ကျေးရွာတွင် တစ်လခန့် နေထိုင်ကာ ပလက်ဝမြို့သို့ ပြန်လာခဲ့ကြောင်း သိရသည်။

မောင်ဟင်နရီလော်ရာသည် ပလက်ဝမြို့တွင် ၄ လကြာပြီးနောက်တွင် တဖြည်းဖြည်းနှင့် ဝတက်လာကာ ကိုယ်အလေးချိန်တိုးလာပြီး အသက် ၅-၆ လဝန်းကျင်တွင်မှ ကလေးသည် အမြင်အာရုံချို့ယွင်းနေကြောင်း သိရပြီး ယခုအထိ ကလေးသည် ဝမ်းလျားမမှောက်နိုင်၊ တွားတွား၍လည်းမရ၊ ထိုင်လည်းမထိုင်နိုင်၊ ရပ်လည်းမရပ်နိုင်၊ ကလေးမူသဘာဝအတိုင်း ပုံမှန်မဟုတ်ပဲ ကျန်းမာရေးချို့ယွင်းနေကြောင်း သိရပြီး ပလက်ဝပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရာတွင် ကလေးသည် မျက်လုံးနှင့် အာရုံကြော ဆရာဝန်နှင့် ပြရန်ညွှန်ကြားလာပြီး ပလက်ဝတွင် မျက်လုံးဆရာဝန်မရှိသည့်အတွက်ကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ သွားရောက်ဆေးကုသရန်အတွက်လည်း ငွေကြေးအခက်အခဲအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆေးကုသရန်အတွက် ချက်ချင်းမသွားရောက်နိုင်ဖြစ်ရကာ အချိန်ကြာမြှင့်စွာ စောင့်ခဲ့ရကြောင်း သိရသည်။

ဆရာကိုယ်တိုင်သည်လည်း ခဏခဏဗိုက်အောင့်နေခြင်း(ညာဘက်နံရိုးကြားဗိုက်အတွင်းအောင့်)၊ ဇက်ကြောတက်ကာ အာရုံကြောလေးလံထိုင်းမှိုင်းနေခြင်း၊ ဆီးပူဆီးအောင့်ဖြစ်ခြင်း၊ ခန္ဓာကိုယ် ခြေလက်ကိုက်ခဲနေခြင်း၊ အမောမခံနိုင်ခြင်း၊ ညဘက်တွင် အိမ်မရဖြစ်ခြင်း စသည့် ရောဂါဝေဒနာ ခံစားနေရကာ ဆရာကိုယ်တိုင် ကျန်းမာရေးစစ်ဆေးမှုနှင့် လိုအပ်ပါက ဆေးကုသမှုခံယူမှုပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီးမောင်စိန်သည် အင်္ဂလီကန်အသင်းတော် သာသနာပိုင်ရုံးတွင် သာသနာ့အမှုတော် ထမ်းဆောင်နေသည့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။

ကလေးကိုဆေးကုသရန်အတွက်  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ လောင်တလိုင်မြို့တွင် ရောက်ရှိပြီး လောင်တလိုင်ပြည်သူ့ဆေးရုံ (Civil Hospital) ရှိ ဆရာဝန်ထံတွင် ယနေ့ ၂၄ ရက်နေ့ ပြသပြီးနောက် အိုက်ဇောမြို့ရှိဆေးရုံတွင် ဆေးကုသမှုခံယူရန်အတွက် ဆရာဝန်မှ ထပ်မံ၍ ညွှန်ကြားလာသည့်အတွက်ကြောင့် ဆေးကုသစရိတ်ကုန်ကျမှု များပြားမည်ဖြစ်သောကြောင့် ပြည်တွင်း/ပြည်ပရှိ ရွာသူရွာသား၊ ဆွေမျိုး၊ အသိမိတ်ဆွေများနှင့် အလှူရှင်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းများ၊ အသင်းသူ/သားများမှ ကူညီပေးကြပါရန် ခူမီးမီဒီယာမှ ဆရာ့ကိုယ်စား အကူအညီတောင်းခံအပ်ပါသည်။

မောင်ဟင်နရီလော်ရာ အတွက် ဆေးကုသစရိတ် လှူဒါန်းလိုပါက-

ph- +91 8414865533 Rev.မောင်စိန်ဖုန်းသို့ တိုက်ရိုက်ဖုန်းအဆက်အသွယ်ပြုလုပ်၍ သော်လည်းကောင်း salai henry solomona, Acc; 923010056156408,

IFSU UTIB0002838 AXIS BANK, +918798043716 သို့ ဆက်သွယ်လှူဒါန်းပါဝင်နိုင်ကြောင်း သိရသည်။

ပုံ- ဘုန်းတော်ကြီးမောင်စိန်၊ ဒေါ်ကျင်ကျင်ဝင်းနှင့် သားဖြစ်သူ မောင်ဟင်နရီလော်ရာ ပုံ။

သတင်း- James Roe

Leave a Reply

Your email address will not be published. Required fields are marked *