CDF – မတူပီ တပ်ရင်း ၂ မှ ကျဆုံးရဲဘော် ၇ ဦးအတွက် ဂုဏ်ပြုခြင်းအခမ်းအနား ပြုလုပ်
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅။
ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF – Matupi တပ်မဟာ ၂ တပ်ဖွဲ့ သည် တော်လှန်ရေးကာလ လေးနှစ်တာ အတွင်း ရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၁၆ ဦးသည် ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရကြောင်း CDF – Matupi တပ်မဟာ ၂ မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
CDF – Matupi တပ်မဟာ ၂ တပ်ဖွဲ့ သည် ၄ ကြိမ်မြောက်ညီလာခံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးခဲ့ကြသည့် ရဲဘော် ၇ ဦး ကို ဦးညွှတ်အလေးပြုပြီး ဂုဏ်ပြုလွှာများကို မိသားစုဝင်များထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
CDF – Matupi တပ်ရင်း ၂ ကို ၄ နှစ်တိုင် ရပ်တည်နိုင်အောင် ကူညီထောက်ပံ့ပေးကြသည့် ပြည်တွင်းပြည်ပက တော်လှန်ပြည်သူများအပေါ် များစွာကျေးဇူးတင်ကြောင်းနှင့် အောက်ချင်းတပ်ရင်းအနေဖြင့် အာဏာရှင်စနစ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe