တွီဒန်းကျေးရွာ စစ်ရှောင်စခန်းတွင် ကလေးများအတွက် ပရိုတင်းအားဆေးဗူးများ အထောက်အပံ့ရရှိ
မတ်လ ၄ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒန်းကျေးရွာ ပလက်ဝဒေသခံစစ်ရှောင်စခန်းရှိ ကလေးသူငယ်များအတွက် ပရိုတင်းကလေးအားဆေးဗူးများကို နော်ဝေနိုင်ငံ Carson Batish Church အသင်းတော်မှ အထောက်အပံ့ရရှိကြောင်း ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။
တွီဒန်းကျေးရွာရှိ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ကလေးသူငယ်များအတွက် နော်ဝေနိုင်ငံ Carson Batish Church အသင်းတော်မှ အထောက်အပံ့ပေးသည့် ပရိုတင်းအားဆေးဗူး ၂၅၇ ဗူး ရရှိပြီး စစ်ရှောင်စခန်းတာဝန်ရှိသူများမှ ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် ကလေးများကို ပေးဝေခဲ့ကြောင်း တွီဒန်းစစ်ရှောင်စခန်း တာဝန်ခံထံမှ သိရသည်။
တွီဒန်းစစ်ရှောင်စခန်းတွင် ပလက်ဝမြို့နယ်မှ စစ်ရှောင်ပြည်သူများသည် အိမ်ထောင်စု ၂၇၃ စု ရှိပြီး အမျိုးသား ၅၈၆ ဦး၊ အမျိုးသမီး ၆၇၄ ဦး စုစုပေါင်းလူဦးရေ ၁၂၆၀ ဦး ရောက်ရှိနေထိုင်နေကြကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။
သတင်း – James Roe
Photo by Raiki Kaseaung
ပုံ – တွီဒန်းကျေးရွာ စစ်ရှောင်စခန်းတွင် ကလေးသူငယ်များ ပရိုတင်းအားဆေးဗူးများရရှိနေသည့်ပုံ။