ပလက်ဝမြို့နယ် ပျဉ်ဝကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပလက်ဝမြို့နယ် ပျဉ်ဝကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မတ်လ ၄ ရက်၊ ၂၀၂၅။

ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ် ပျဉ်ဝကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပျဉ်ဝရွာသားတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးနှစ်လုံး ကြဲချလို့ ဘုရားကျောင်းနဲ့ ခန်းမဆောင် ပျက်စီးသွားတယ်။ ရွာကလူတွေကတော့ ထိခိုက်မှုမရှိဘူး။ အဲဒီနေ့က ရွာမှာ နာရေး နှစ်ခုတောင် ရှိနေတော့ ရွာကလူတွေအားလုံး နာရေးအိမ်မှာ ရောက်နေကြလို့ ဗုံးကြဲတဲ့အနီးအနားမှာမရှိလို့ တော်သေးတယ်။ နောက်ထပ် ကြဲချလာမလားဆိုပြီး စိုးရိမ်လို့ ရွာသားတွေ တောထဲမှာထွက်ပြေးပြီး ပုန်းခဲ့ရတယ်။ ဒီအတိုင်း အလောင်းကို ထားခဲ့ပြီးတော့ တောထဲမှာ တစ်ညလုံးနေခဲ့ရတာ။ မနက်မိုးလင်းမှ ရွာထဲပြန်လာတာ…” ဟု ပျဉ်ဝရွာသားတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့နယ် ပျဉ်ဝကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုံးနှစ်လုံးဖြင့် ကြဲတိုက်ခိုက်ခဲ့သောကြောင့် Presbyterian ဘုရားကျောင်းတစ်ကျောင်းနှင့် ကျေးရွာခန်းမဆောင်တစ်ခု ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

ပျဥ်ဝကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး မီးချောင်း ချောင်းနံဘေးတွင် တည်ရှိသည့်ရွာဖြစ်သည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *