ဇိုဖေရမ်တွင် အကြိုကောလိပ် (Pre- College) ကျောင်းဖွင့်လှစ်
မတ်လ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ထန်တလန်မြို့နယ် Zopheiram ဒေသတွင် ဇိုဖေရမ်ဒေသန္တရအစိုးရ၏ ဦးဆောင်မှုဖြင့် အကြိုကောလိပ် (Pre-College) ကျောင်းကို ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဖွင့်လှစ်ကြကြောင်း သိရသည်။
အကြိုကောလိပ် (Pre- College) ကျောင်း ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးနှင့် ဇိုဖေရမ်ဒေသန္တရအစိုးရအဖွဲ့ ဥက္ကဌ အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း – James Roe