ငဖဲမြို့နယ်မှ ဒေသခံအရှိုချင်းအမျိုးသမီး ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ

ငဖဲမြို့နယ်မှ ဒေသခံအရှိုချင်းအမျိုးသမီး ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ

မတ်လ ၁၀ ရက်၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ အရှိုချင်းလူမျိုး ဒေါ်ပလွန် (၅၄ နှစ်) နှင့် မိုင်အက်စတာမန်း (၁၈ နှစ်) အရွယ် သားအမိနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သံသယရှိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ငဖဲမြို့နယ်တွင်ရှိသည့် လက်နက်စက်ရုံ(က.ပ.စ) မှ အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၄၀ ကျော်သည် ကား ၂ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် အရှိုချင်းလူမျိုးများနေထိုင်သည့် စပ်စီကျေးရွာကို မတ်လ ၇ ရက်နေ့ နေ့လည် နှစ်နာရီဝန်းကျင်တွင် ဝင်ရောက်လာပြီး ဒေါ်ပလွန်နှင့် သူ၏သမီး မိုင်အက်စတာမန်း တို့အား နေအိမ်မှာပင် လက်တော့ပ် တစ်လုံး၊ ဖုန်းတစ်လုံးနှင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ခရစ်ယာန်ဘုရားကျောင်းရှိ မူကြိုကျောင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငဖဲမြို့နယ်၊ စပ်စီကျေးရွာသည် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၈၀ ကျော် ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *