Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

အိမ်နီးချင်းကောင်း ချင်းနဲ့ရခိုင်

အိမ်နီးချင်းကောင်း ချင်းနဲ့ရခိုင်

(အတူယှဉ်တွဲနေထိုင်ရေးအတွက် သက်ဆိုင်ရာလက်နက်ကိုင်တွေဟာ ဒေသခံတွေရဲ့ သဘောထားကို လေးစားဖို့ လိုအပ်)

ဒီနေ့လို Globalization ထွန်းကားပြီး အကျိုးတူရည်မှန်းချက်တွေအတွက် ပူးပေါင်းဆောင်ရွက်တဲ့ ခေတ်ကြီးမှာ အိမ်နီးချင်းဟာ အင်မတန်အရေးပါသလို အိမ်နီးချင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးဟာ သိပ်အရေးကြီးပါတယ်။ ပဋိပက္ခနွံထဲမရောက်ပဲ စနစ်တကျစီမံခန့်ခွဲဖို့လိုပါတယ်။

ချင်းနဲ့ ရခိုင်ဒေသရဲ့ ဆက်ဆံရေးဟာ ချင်းအတွက်ရော၊ ရခိုင်ဒေသအတွက်ပါ အင်မတန်အရေးပါတဲ့ အချက်တစ်ခုဖြစ်တာကို နှစ်ဦးနှစ်ဖက်ကတော့ နားလည်ကြပြီး ဖြစ်ပါတယ်။ ချင်းနဲ့ ရခိုင် အမျိုးသားတွေအကြား ရေရှည်ငြိမ်းချမ်းရေးနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တွေမှာ သိပ်အရေးပါတာက “ပလက်ဝ” ကိစ္စ ဖြစ်တယ်။

သမိုင်းဆိုင်ရာငြင်းခုံချက်တွေမှာ ပလက်ဝမြို့ရဲ့ အထက် ၄၃ မိုင်မှာတည်ရှိတဲ့ ဥဿလင်းစေတီဟာ ငြင်းခုံစရာ တစ်ခုဖြစ်ခဲ့ပါတယ်။  ဘီစီ (၃၀၄-၂၃၂) ကြားမှာ အိန္ဒိယနိုင်ငံ (Maurya ယခင်အခေါ်) ဘုရင့်နိုင်ငံခေတ်က ဗုဒ္ဓဘာသာကို အဓိကထွန်းကားစေတဲ့ ဘုရင် Ashoka လက်ထက်မှာ ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားရေးအတွက် သာသနာပြုစေလွှတ်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ သမိုင်းဇတ်ဝင်ခန်း စာအုပ်ဖြစ်တဲ့ Mahavamsa (450 AD) အရ Ashoka ဟာ အနောက်ဘက်မှာ Majjhantika ကို စေလွတ်ပြီး အိန္ဒိယရဲ့ အရှေ့ဘက်အရပ်(အရှေ့တောင်အရှဒေသ) ဖြစ်တဲ့ အာသံပြည်အပါအဝင် မြန်မာပြည်၊ ရခိုင်ပြည်တို့မှာ Sona နဲ့ Uttara တို့ကို စေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယင်းကာလအတွင်း Jeaungpang  ခေါ် ကုလားတန်မြစ်ကြောတစ်လျှောက် သာသနာပြုတဲ့အခါ ဒေသခံခူမီးချင်း တွေဟာလည်း ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ယုံကြည်လာကြပြီး သာသနာပြုသူတွေနဲ့ ခူမီးစော်ဘွားတွေ ပေါင်းပြီး “အောင်သလားစေတီ (ဥဿလင်းစေတီ) (အောင်သလာဟာ ခူမီးချင်းအခေါ်ဖြစ်ပါတယ်) ကို တည်ထားကိုးကွယ်ကြတာလို့လည်း ခူမီးချင်းတို့ရဲ့ နှုတ်ရာဇဝင်အရ သိရပါတယ်။ ၎င်းစေတီကိုတူးဖော် တဲ့အခါမှာ ဒေသခံခူမီးချင်းတိုင်းရင်းသားတွေရဲ့ အမျိုးသမီးနားဝတ်တန်ဆာ “နား‌‌ဋောင်း၊ နားကွင်းကြီး” ကို တွေ့ရှိခဲ့တယ်လို့ ခူမီး(ချင်း) မျိုးနွယ်စုသမိုင်း (၂၀၀၀ ခုနှစ်) စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

နောက်ထပ်တစ်ချက်က စေတီတော်ကို တတိယဓညဝတီခေတ်ရဲ့ အနွယ်တော် ခြောက်ဆက်မြောက်ဖြစ်တဲ့ သူရိယစက္ကမင်း (ဘီစီ-၃၃၂-၂၇၈) မှာ တည်ထားကိုးကွယ်ခဲ့တယ်လို့ ရခိုင်သမိုင်းတချို့တွေမှာ ‌ဖော်ပြထားတယ်လို့ လည်း ဆိုပါတယ်။

ဒီငြင်းခုံမှုတွေဟာ လွတ်လပ်ရေးရပြီး ကာလတွေမှာလည်း ရှိခဲ့သလို လက်ရှိမှာလည်း ရှိနေဆဲဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် ၁၈၇၆ ခုနှစ် ပလက်ဝမြို့ကို စတည်ခဲ့ပြီးနောက် ဒေသနာမည်ကို ရခိုင်မြောက်ပိုင်း တောင်တန်းခရိုင်လို့ နာမည်ပေးတာကို မကြိုက်လို့ စစ်တွေမြို့က အင်္ဂလိပ်အစိုးရရုံးရှေ့မှာ ဒေသခံချင်းတွေက ဆန္ဒပြခဲ့တယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်ရေးမရမီ ၁၉၄၇ခုနှစ်မှာ ချင်းတောင်တန်းဒေသစည်းမျဉ်းတွေကို ချင်းဝိသေသတိုင်းအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် ချင်းမျိုးနွယ်စုတွေကိုစုစည်းတဲ့အခါ ပလက်ဝခရိုင်ဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၉၂ အရ ချင်းပြည်ထူထောင်ဖက်ခရိုင် ဖြစ်လာခဲ့ ပါတယ်။

တစ်ဖက်မှာ ပလက်ဝဒေသရဲ့ ကျေးရွာအချို့မှာ ရခိုင်လူမျိုးတွေလည်း နေထိုင်ကြပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းအရ ပလက်ဝမြို့နယ်မှာ နေထိုင်သူ လူဦးရေစုစုပေါင်းဟာ ၉၆၈၉၉ ဦး ရှိပါတယ်။ ၂၀၁၉ ခုနှစ်၊ ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ရဲ့ စာရင်းများအရ ပလက်ဝမြို့နယ်မှာ ချင်းလူဦးရေဟာ ၈၃ ရာခိုင်နှုန်းရှိပြီး ရခိုင်လူဦးရေဟာ ၁၇ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

တနည်းအားဖြင့် ပလက်ဝမြို့နယ်မှာ ချင်းနဲ့ ရခိုင်လူမျိုးတွေဟာ စီးပွားရေးအရ၊ လူမှုရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိကြပြီး အတူယှဉ်တွဲ နေထိုင်လာကြတဲ့သူတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နဲ့ နီးစပ်တဲ့ ရွာအချို့မှာ ရခိုင်လူမျိုးတွေ အများစုနေထိုင်ကြ ပြီးတော့ အများစုဟာ ချင်းရွာတွေဖြစ်ပါတယ်။

နိုင်ငံရေးအရ ပလက်ဝမှာနေထိုင်တဲ့ ရခိုင်လူမျိုးတွေဟာ အခွင့်အရေးတွေနည်းတယ်လို့ ဆိုရမှာပါ။ ထို့အတူ ၁၇ ရာခိုင်နှုန်းသော ရခိုင်တွေမှာ ရခိုင်စာပေသင်ကြားရေးအတွက် အခွင့်အရေးတွေ နည်းခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေး စနစ်အရ အလိုအလျောက် ဖြစ်နေတဲ့ အကန့်အသတ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ကရင်-မွန် တို့က စီမံတဲ့ပုံစံလိုပဲ ချင်းရွာတွေမှာ ချင်းဓလေ့ကျင့်သုံး၊ ရခိုင်ရွာမှာ ရခိုင်ဓလေ့ကျင့်သုံး လုပ်ဖို့လိုပါမယ်။ ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းတွေမှာတော့ စုပေါင်းဆောင်ရွက်ဖို့ လိုပါမယ်။ ပြည်နယ်အဆင့် ကိုယ်စားပြုမှုတွေမှာ ရခိုင်အမျိုးသားပါဝင်မှုနှုန်းကို မြှင့်ရပါမယ်။

ဘယ်လိုပဲဆိုပါစေ၊ ပလက်ဝမြို့နယ်မှာ ချင်းနဲ့ ရခိုင် အမျိုးသားတွေ အတူယှဉ်တွဲနေထိုင်တာဟာ ရခိုင်ပြည်မှာ ရှိတဲ့ ချင်းတွေနဲ့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ပုံစံလိုမျိုးပဲ ဖြစ်ပါတယ်။ ချင်းနဲ့ ရခိုင်အကြား နိုင်ငံရေးအကျိုးတူ ပါဝင်ဆောင်ရွက်ခဲ့ဖူးတဲ့ သာဓကလည်း ရှိဖူးပါတယ်။ လွတ်လပ်ရေးရပြီးကာလ ဖလမ်းညီလာခံမှာ ရခိုင်အမျိုး သား ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့တာပါ။

သမိုင်းစဉ်အရ ပလက်ဝဟာ ချင်းပြည်ရဲ့ ဖွံ့ဖြိုးရေးနှောင်းနှေးမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး အပါအဝင် အခြားကဏ္ဍတွေမှာလည်း ရခိုင်ပြည်ကိုမှီခိုရသလိုမျိုး ရခိုင်ပြည်ဟာလည်း စီးပွားရေးအရ ပလက်ဝက အားထားရာ ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်း ပလက်ဝမြို့နယ်ရဲ့ နေရာအများစုကို အေအေက ထိန်းချုပ်ပြီးနောက်မှာ တိုင်းရင်းသား ညီအကို တွေအကြား မယုံကြည်မှုတွေပိုမို ပြင်းထန်ခဲ့ပါတယ်။ တနည်းအားဖြင့် ရခိုင်လူမျိုးအနည်းစုက လာရောက် အုပ်ချုပ်နေတယ်ဆိုတဲ့ ခံယူချက်ဟာ ဒေသခံတွေဆီမှာ ရှိနေပါတယ်။

ယခင်က လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ (ဥပမာ အတင်းအဓ္ဓမ စစ်သားစုဆောင်းတာ(၂၀၁၃-ယခုချိန်ထိ)၊ အေအေရဲ့ ရန်ပုံ‌ငွေအတွက်ဆိုပြီး ဒေသခံတွေရဲ့ခွင့်ပြုချက်မပါပဲ သစ်ထုတ်တာ(၂၀၁၇ကနေ-ယခုချိန်ထိ)၊ အခငွေကြေးမပေးပဲ ဒေသခံတွေကို တောင်ယာလုပ်ခိုင်းတာအပါအဝင် အခြားအချက်အလက်များရှိ (၂၀၁၇-၂၀၂၀ ခုနှစ်တွေအကြား)) ဟာတွေကို ဒေသခံတွေက မကျေနပ်မှု၊ မယုံကြည်မှုတွေရှိနေပါတယ်။

ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ဆိုရင် ရခိုင်ပြည်သူနဲ့ အေအေဆီမှာ တာဝန်ရှိ သလို ချင်းပြည်သူနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာလည်း တာဝန်ရှိပါတယ်။ အထူးသဖြင့် ပလက်ဝဒေသခံ ချင်းပြည်သူလူထုနဲ့ ပလက်ဝဒေသခံ ရခိုင်ပြည်သူလူထုတွေအကြား ရင်းနှီးမှုတည်ဆောက်ဖို့လိုတဲ့အပြင် ရခိုင် ပြည်မှာရှိတဲ့ ရခိုင်လူ့အဖွဲ့အစည်းနဲ့ ချင်းပြည်က ချင်းလူ့အဖွဲ့အစည်းတွေကလည်း ဒါကို ကြိုးစားကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ရေရှည်ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲရေးအတွက်ဆိုရင် ဒေသခံပြည်သူလူထုရဲ့ သဘောထားကို အေအေအနေနဲ့ လေးစားဖို့လိုအပ်သလို ရခိုင်ပြည်သူတွေလည်း စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒေသခံတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်နေမယ်ဆိုရင် လက်နက်ကိုင်ပြဿနာဟာ ပလက်ဝဒေသမှာ ပိုမိုပြင်းထန်လာမှာဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုရဲ့ သဘောနဲ့အညီသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပလက်ဝရဲ့ အနာဂတ်အရေးဟာ ပလက်ဝဒေသခံတွေရဲ့ လက်ထဲမှာရှိတဲ့အတွက် ပြည်သူလူထုရဲ့အာဏာကို ပြည်သူလူထုထံပြန်အပ်နှံဖို့ သက်ဆိုင်ရာလက်နက်ကိုင်တွေဆီမှာ တာဝန်ရှိပါတယ်။ ဒါမှသာလျှင် ရခိုင်အမျိုးသား တွေရဲ့ အမျိုးသားအကျိုးအမြတ်အတွက် ချင်းကအထောက်အကူပြုမှာ ဖြစ်သလို ချင်းအမျိုးသားတွေရဲ့ အမျိုးသား အကျိုးအမြတ်အတွက်လည်း အကျိုးရှိမှာဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။

 

ဆလိုင်းပန်ဟိုက်

Leave a Reply

Your email address will not be published. Required fields are marked *