ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

မတ်လ ၂၀ ရက် ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဟားခါးလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်သောကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် နှစ်လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က MIG-29 Fighter Jet တိုက်လေယာဉ်အမျိုးစားဖြင့် မတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံကြဲချခြင်းဖြစ်ပြီး ဟားခါးလေးကျေးရွာရှိ Wesleyan ခရစ်ယာန်ဘုရားကျောင်းအနီးတွင် ဗုံးကျရောက်ခဲ့ခြင်း ဖြစ်သည်။

ကလေးမြို့နယ်မြောက်ပိုင်းရှိ လက်ပံချောင်း၊ စမိတ်ကွင်းနှင့် ပြည်တော်သာကျေးရွာများကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ တစ်ရက်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီတပ်က  Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် အသုံးပြု၍ တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် နွားသုံးကောင်နှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်သည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင် နေကြရဆဲဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *