မီဇိုရမ်ပြည်နယ် လုံလေခရိုင် Khawmawi ကျေးရွာရှိ စစ်ရှောင်ကလေးငယ်တစ်ဦး ကွယ်လွန်

မီဇိုရမ်ပြည်နယ် လုံလေခရိုင် Khawmawi ကျေးရွာရှိ စစ်ရှောင်ကလေးငယ်တစ်ဦး ကွယ်လွန်

မတ်လ ၂၀ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာနေ ဦးထွန်းမောင်၏ သားဖြစ်သူ မောင်နေမျိုးကျော် (အသက် ၃ နှစ်) သည် လောင်တလိုင် LAIRAM ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့ ည ၇ နာရီ တွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်း သတင်းရရှိသည်။

“ကလေးက Khawmawi ကျေးရွာက စစ်ရှောင်စခန်းမှာကတည်းက နေမကောင်းဖြစ်တာ။ ၁၇ ရက်နေ့ LAIRAM ဆေးရုံမှာ ဆေးကုသရင်းနဲ့ ဆုံးပါးသွားတာ။ PC အနေနဲ့ ကလေးနာရေးအတွက် ရူပီး နှစ်ထောင် ကူညီပေးခဲ့ပါတယ်…” ဟု ပလက်ဝကောင်စီ၊ လူမှုဝန်ထမ်းနှင့် ကူညီကယ်ဆယ်ရေးဌာနမှူး ဆလိုင်းစိုးသန်းမှ ခူမီးမီဒီယာသို့ ပြောသည်။

ဦးထွန်းမောင်နှင့်မိသားစုသည် ပြီးခဲ့သည့်နှစ်တွင် ဒေသတွင်းစစ်ပွဲကြောင့် မီဇိုရမ်ပြည်နယ် လုံးလေခရိုင် Khawmawi ကျေးရွာရှိ စစ်ရှောင်စခန်းတွင် ရောက်ရှိနေထိုင်ခုံလှုံနေရင်း သားငယ်လေးသည် နေမကောင်းဖြစ်ကာ LAIRAM ဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ ဆုံးပါးသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Photo by Salai Soe Than

Leave a Reply

Your email address will not be published. Required fields are marked *