CDF-Hakha ၏ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ရဲဘော် ၅၂ ဦးကျဆုံးပြီး ပြည်သူ ၂၃ ဦး သေဆုံး

CDF-Hakha ၏ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ရဲဘော် ၅၂ ဦးကျဆုံးပြီး ပြည်သူ ၂၃ ဦး သေဆုံး

မတ်လ ၂၁ ရက်၊ ၂၀၂၅

တော်လှန်ရေး (၄) နှစ်တာ ကာလအတွင်း Chinland Defense Force – Hakha မှ ရဲဘော် ၅၂ ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက်အသက်ပေးဆပ်ခဲ့ကြပြီး၊ အကြမ်းဖက်စစ်ကောင်စီကြောင့် ဟားခါးမြို့နယ်ရှိ အပြစ်မဲ့ပြည်သူ ၂၃ ဦးသေဆုံးခဲ့ရကြောင်း CDF – Hakha တပ်ဖွဲ့၏ ယနေ့ မတ်လ ၂၁ ရက်နေ့ တော်လှန်ရေး ၄ နှစ်ပြည့်တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

CDF-Hakha တပ်ဖွဲ့၏ တော်လှန်းရေး ၄ နှစ်တာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၂၆ ဆင်နွှဲခဲ့ပြီး ထိုတိုက်ပွဲများတွင် တိုင်းပြည်နဲ့လူမျိုးအတွက် ရဲဘော် ၅၂ ဦး အသက်ပေးလှူခဲ့ကြကာ ရဲဘော် ၁၈၃ ဦးဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ဦး သေဆုံးခဲ့ရကာ နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံရပြီး အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးနှိပ်စက်မှုခံရသော အပြစ်မဲ့ပြည်သူ ထောင်ကျော်ရှိခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်၏စစ်ကြောင်း ၁၉ ကြိမ်ရှိခဲ့ရာ ၁၇ ကြိမ် တိုက်ခိုက်ပစ်ခတ်ခဲ့ပြီး ဟားခါးမြို့တွင်း စစ်ဆင်ရေးကို ၁၅၀ ကြိမ် ဆင်နွှဲနိုင်ခဲ့သည့်အပြင် အခြားမြို့နယ်များတွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ပစ်ခတ်မှုသည် ၈ ကြိမ်ပါဝင်ခဲ့ကာ စခန်းနှင့်မြို့သိမ်း စစ်ဆင်ရေးများတွင်လည်း ၁၂ ကြိမ်ပါဝင်ခဲ့ကြောင်း သိရသည်။

CDF-Hakha သည် တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးသည်အထိ ပြည်သူလူထုနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများအားလုံးလည်း ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *