တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
မတ်လ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ တီးတိန်မြို့ စစ်ကောင်စီ ၏ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
တီးတိန်မြို့၊ ခလရ ၂၆၉ တပ်ရင်းမှ ဒုတပ်ကြပ်ဖြစ်သူ မောင်မင်းစိုး၊ အသက် ၃၆ နှစ် သည် PDF Zoland ထံ မတ်လ ၁၉ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုတပ်ကြပ် မောင်မင်းစိုးသည် MA အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်ခြောက်ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာပြီး PDF Zoland က ဆက်လက်၍ စောင့်ရှောက်ထားကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း – James Roe