၅၈ ကြိမ်မြောက် UNHRC အစည်းအဝေးတွင် CHRO တက်ရောက်ဆွေးနွေး

၅၈ ကြိမ်မြောက် UNHRC အစည်းအဝေးတွင် CHRO တက်ရောက်ဆွေးနွေး

မတ်လ ၂၂ ရက်၊ ၂၀၂၅။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ(UN Human Right Council) ၏ ဖေဖော်ဝါရီလ ၂၄ ရက်မှ ဧပြီ ၅ ရက်ထိ ကျင်းပသည့် ၅၈ ကြိမ်မြောက်အစည်းအဝေးတွင် မတ်လ ၁၉ ရက်နေ့တွင် ချင်းလူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organizations – CHRO)မှ တက်ရောက်ကာ ဆွေးနွေးတင်ပြခွင့်ရကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် လူ့အခွင့်အရေးပြင်းထန်စွာချိုးဖောက်ခံရမှုတွေနှင့်ပတ်သတ်၍ လုပ်ဆောင်မှုများကို ထောက်ပံ့ကူညီပေးခဲ့ကြသည့် Independent Investigative Mechanism for Myanmar (IIMM), Myanmar Accountability Project (MAP) နှင့် Legal Action Worldwide (LAW) တို့ကို ချင်းလူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organizations – CHRO) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက်အစည်းအဝေးတွင် ကျေးဇူးတင်စကား ထည့်သွင်းပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက်အစည်းအဝေးတွင် နော်ဝေးနိုင်ငံမှ ချင်းအသိုင်းအဝိုင်း(CNN) နှင့် Global Khumi Organization – GKO တို့လည်း တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးတွင် CHRO မှ ချင်းပြည်နယ်အတွင်းရှိ လူဦးရေထက်ဝက်ကျော်သည် ပြည်တွင်းနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်ချက်များ ပြတ်လပ်မှု ကြုံတွေ့နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီး ထပ်မံမကြီးထွားမီ ကောင်စီအနေဖြင့် လျင်မြန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်ကို သိရသည်။

ထိုသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်း သို့မဟုတ် အရေးပေါ် အခြေအနေများတွင် တုံ့ပြန်ခြင်းအတွက်သာမကဘဲ လူ့အသက်အန္တရာယ်ကိုပါ ကယ်တင်နိုင်ရန်ဖြစ်ကြောင်း၊ ၎င်းအထောက်အပံ့သည် လူများကို တည်ငြိမ်မှုနှင့် မျှော်လင့်ချက်များကို ခံစားရစေပြီး အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုမှ လွတ်မြောက်စေကြောင်း၊ ထို့ကြောင့် ဂျပန်နှင့် ဥရောပသမဂ္ဂကဲ့သို့ အလှူရှင်နိုင်ငံများက သူတို့၏ ရန်ပုံငွေကို တိုးမြှင့်ပေးရန် အရေးကြီးကြောင်း CHRO က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ သီးခြားဆွေးနွေးပွဲတစ်ခုတွင် တင်ပြသွားကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *