PDF – Zoland တွင် တာဝန်ထမ်းဆောင်ရန် သင်တန်းသူ/သားသစ်များ လက်ခံနေပြီ

PDF – Zoland တွင် တာဝန်ထမ်းဆောင်ရန် သင်တန်းသူ/သားသစ်များ လက်ခံနေပြီ

မတ်လ ၂၃ ရက်၊ ၂၀၂၅။

ချင်းပြည်၊ တီးတိန်မြို့နယ်အခြေစိုက် ZFU/PDF – Zoland တပ်ဖွဲ့က တပ်သားသစ် ထပ်မံလက်ခံနေကြောင်း ၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက်နေ့ ကြေညာချက်ထုတ်ပြန်ထားသည်ကို သိရသည်။

PDF – Zoland တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်မည့်သူများသည် ZFU/PDF – Zoland ၏ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များအားလုံး လက်ခံနိုင်သူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးတစ်နှစ်တိတိ တာဝန်ထမ်းဆောင်ရန်နှင့် ပေးအပ်သောကျရာတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်သူဖြစ်ကာ အထက်အမိန့်ကို နာခံနိုင်သူ ဖြစ်ရမည် ဖြစ်သည်။

PDF – Zoland တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်မည့်သူများသည် ကျန်းမာရေး ကောင်းမွန်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ အကယ်၍ အသက်မပြည့်သောသူဖြစ်ပါက မိဘ(သို့မဟုတ်) ဆွေမျိုးတစ်ယောက်ယောက်၏ ထောက်ခံမှုလိုအပ်မည်ဖြစ်ပြီး လူမျိုး၊ ဘာသာ၊ နိုင်ငံရေးပါတီခွဲခြားထားခြင်းမရှိသူဖြစ်ကာ လူပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့၏ စေခိုင်းမှုမပါဝင်ပဲ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ  ဝင်ရောက်သောသူ ဖြစ်ရမည်ဖြစ်ကြောင်း ကြော်ငြာစာတွင် ဖော်ပြထားသည်။

PDF – Zoland သည် အခြေခံ စစ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးကြောင်း သိရသည်။

PDF – Zoland သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် အခြေချလှုပ်ရှားနေပြီး လက်ရှိတွင် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နိုင်ရန်အတွက် ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း ကမ်ပိန်းကို ပြုလုပ်နေကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *