ဇိုတုန်ဒေသအတွင်း လက်နတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်

ဇိုတုန်ဒေသအတွင်း လက်နတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်

မတ်လ ၂၆ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ဇိုတုန်ဒေသအတွင်း လက်နက်ကိုင်ဆောင်ခြင်းနှင့်ပက်သက်၍ စည်ကမ်းသတ်မှတ်ချက်များ ချမှတ်ပြဌာန်းပြီးဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း CDF – Zotung မှ မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

ဇိုတုန်ဒေသအတွင်း နေထိုင်သည့် ပြည်သူများသည် ချင်းထုံစံအတိုင်း အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာတူမီးသေနတ်၊ နှစ်လုံပြူးသေနတ်၊ ခါးချိုးသေနတ်နှင့် လေသေနတ်စသည်တို့ ကိုင်ဆောင်ခွင့်ရှိပြီး အခြားမောင်းပြန်သေနတ်၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုကဲ့သို့သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်များကို ကိုင်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် CDF – Zotung မှ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်တော့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီကိုတော်လှန်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဇိုတုန်ဒေသအား ဖြတ်သန်းသွားလာလိုပါက ကြိုတင်သတင်းပေးပို့ကြရန် သို့မဟုတ် ခိုင်လုံသည့် အထောက်အထားများ ပါရှိကြရန် အသိပေးထုတ်ပြန်ထားသည်။

ဇိုတုန်ဒေသဖြစ်သည့် မတူပီမြို့နယ် ရေဇွာမြို့ကို CDF – Zotung ပါဝင်သည့် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ပြီးသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ပြည့်သူ့လုံခြုံရေးနှင့် ပတ်သက်၍ CDF – Zotung အနေဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *