အနောက်ဂန့်ဂေါကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
မတ်လ ၂၇ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အနောက်ဂန့်ဂေါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ ခလရ – ၅၀ တပ်ရင်းက မတ်လ ၂၅ ရက် နေ့လည် ၁ နာရီ ၀န်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နောက်ဂန့်ဂေါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထားပြီး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ သုံးဦးဒဏ်ရာရရှိကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကာ စိုးရိမ်ရကြောင်း သိရသည်။
ဂန့်ဂေါမြို့ အခြေစိုက် ခလရ – ၅၀ မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း မကြာခဏပြုလုပ်သည့်အတွက်ကြောင့် ဒေသခံအများအပြား စိုးရိမ်ကြောင်းကြနေကြရပြီး ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင်လည်း ပျားကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်မှုများပြုလုပ်နေကြကြောင်း သိရသည်။
အနောက်ဂန့်ဂေါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်၀ါရီလ ၁၆ ရက် နေ့တွင်လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe