တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ တပ်သား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ PDF – Zoland ထံ အလင်းဝင်

တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ တပ်သား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ PDF – Zoland ထံ အလင်းဝင်

ဧပြီလ ၈ ရက်၊ ၂၀၂၅။

ချင်းပြည်၊ တီးတိန်မြို့ရှိ စစ်ကောင်စီ ခလရ ၂၆၉ တပ်ရင်းမှ တပ်သား နှစ်ဦးသည် လက်နတ်ခဲယမ်းနှင့်အတူ PDF – Zoland ထံ အလင်းဝင်လာကြောင်း ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

အလင်းဝင်လာသည့် တပ်သားနှစ်ဦးမှာ တပ်သား ဖိုးလှပြည့် အသက် ၂၃ နှစ်အရွယ်နှင့် ရဲဘော် စိုးလင်းအောင် အသက် ၂၃ နှစ်တို့ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ တီးတိန်မြို့နယ်အခြေစိုက် PDF – Zoland ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

တီးတိန်မြို့ ခလရ ၂၆၉ ကာကွယ်ရေးတပ်ရင်းမှ ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင်လည်း ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးသည် PDF – Zoland ထံ လက်နက်ခဲယမ်းများနှင့်အတူ လင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

တီးတိန်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အကြား နှစ်အဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိသေးသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားများသည် အလင်းဝင်ရောက်မှုများ မကြာခဏရှိနေသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *