ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရ

ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရ

ဧပြီလ ၈ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ဖလမ်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ နောက်ဆုံးကျန်ရှိသည့် တပ်စခန်း ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်အမြစ်မှ သိရသည်။

ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခလရ ၂၆၈ တပ်ရင်းကို သိမ်းပိုက်နိုင်ပြီးနောက် လက်ရှိတွင် ထွက်ပြေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေပြီး အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများမှ ဆက်လက်၍ ထုတ်ပြန်ကြမည်ဟု သိရသည်။

ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖလမ်းမြို့သိမ်းတိုက်ပွဲ အစပိုင်းကတည်းကပင် ဖလမ်းမြို့ရဲစခန်းနှင့် အခြားတပ်စခန်းများ၊ မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ခလရ ၂၆၈ တပ်ရင်းတစ်ခုတည်းသာ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ဆက်လက်တိုက်ခိုက်ခဲ့ပြီး လေးလကျော်အကြာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ကာ ဖလမ်းမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *