Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်က ကြေညာချက်ထုတ်ပြန်

ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်က ကြေညာချက်ထုတ်ပြန်

ဧပြီလ ၉ ရက်၊ ၂၀၂၅။

ချင်းညီနောင် စစ်ဆင်ရေး(Operation CB) အဖြစ် ဖော်ဆောင်လျက်ရှိသည့် ချင်းပြည်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ယနေ့ ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့ရှိ နောက်ဆုံးကျန်ရှိနေသည့် ခလရ ၂၆၈ တပ်ရင်းကို ငါးလနီးပါး မြို့သိမ်းတိုက်ပွဲပြင်းထန်စွာ ဆင်နွှဲခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများက မြို့ကိုအပြီးသိမ်းပိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်က ယနေ့ ကြေညာလာခြင်းဖြစ်သည်။

ချင်းညီနောင်စစ်ဆင်ရေးတပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ နောက် ဆုံးလက်ကျန် တပ်ရင်း ခလရ ၂၆၈ ကို အပြီးသတ်သိမ်းပိုက်ကာ ဖလမ်းမြို့နယ် တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တီးတိန်မြို့သို့ ဆက်လက်ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားနှင့် ငွေကြေးများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဖလမ်းမြို့ မကျစေရေး အ တွက် ရှိရင်း ခလရ ၂၆၈ တပ်ရင်း အင်အားအပြင် ၂၀၂၄ ဒီဇင်ဘာလတွင် ခလရ ၈၉ မှ စစ်ကူ အင် အား ၁ဝဝ ဝန်းကျင်နှင့် ၂၀၂၅ မတ်လတွင် တပ်မ ၇၇ လက်အောက်ခံ ခလရ ၃၉၁ မှ စစ်ကူအင်အား ၁၀ဝ ခန့်ဖြင့် အင်အားအကြိမ်ကြိမ် ထပ်မံဖြည့်တင်းခဲ့ကြောင်း၊ ထို့အပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁ဝဝဝ ကျော်ဖြင့် အပြင်းအထန် ခုခံခဲ့ကြောင်း သိရသည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့ သိမ်းတိုက်ပွဲတွင် 96 Soldiers PDF ၊ Anti-Fascist Internationalist Front (AIF) ၊ Burma National Revolutionary Army (BNRA) ၊ Burmese Revolutionary Technical Front (BRTF) ၊ Generation Z Army (GZA) ၊ Giant Revolution Force (GRF) ၊ Harmonious Northern Brothers (HNB) ၊ Kalay Revolution Force (KRF) ၊ Kalay Urban Guerrilla (Kalay UG) ၊ Myingyan Black Tiger (MBT) ၊ National Liberation Army (NLA) ၊ Revolution Ambulance Wolf (RAW Medical Team) ၊ Sagaing Federal Troop (SFT-Sol) ၊ Yaw Defense Force (YDF) ၊ Zo Army (ZA) ၊ ကလေးခရိုင် ပကဖနှင့် Drone အဖွဲ့တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့ နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ချင်းညီနောင် နှင့် မဟာမိတ်အင်အားစုများ၏ မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံထိုးစစ်ဆင် တိုက်ခိုက်မှု၊ အာရက္ခ တပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးကူညီမှုနှင့် မိဘပြည်သူများ၏ တက်ညီလက်ညီ တစိုက်မတ်မတ် ထောက်ပို့ပါဝင်မှုများကြောင့်သာ ဖြစ်ပါကြောင်း ကြေညာထားသည်။

ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့ သိမ်းစစ်ဆင်ရေး အတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူး၊ တပ်သား များ၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လ ရှိမှုတို့ကို လေးစားစွာ ဂုဏ်ပြုပါကြောင်းနှင့် ချင်းညီနောင် (CB) အနေ ဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။

သတင်း – James Roe

ပုံ – Chin Brotherhood

 

Leave a Reply

Your email address will not be published. Required fields are marked *