မရာဒေသအတွင်း အတင်းအဓမ္မစစ်မှုထမ်းရန် စီစဉ်နေခြင်းကြောင့် မရာလူငယ်အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးနေ

မရာဒေသအတွင်း အတင်းအဓမ္မစစ်မှုထမ်းရန် စီစဉ်နေခြင်းကြောင့် မရာလူငယ်အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးနေ

ဧပြီလ ၉ ရက်၊ ၂၀၂၅။

ချင်းပြည် မရာနယ်ဒေသအတွင်း လူမျိုးခြား၊ ဘာသာခြားထံ စစ်သင်တန်းတက်ရောက်ရန် လူတစ်စုမှ အတင်းအဓမ္မ စစ်မှုထမ်းရန်စီစဉ်နေခြင်းကြောင့် မရာလူငယ်အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မရာလဲန်းကောင်စီက ဧပြီလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

မရာနယ်အတွင်းတွင် အသက် ၁၄ နှစ်မှ ၄၅ နှစ်ကြား ရှိသည့် ဒေသခံများကို လူမျိုးခြား၊ ဘာသာခြားထံ စစ်သင်တန်းတက်ရောက်ရန် လူတစ်စုက စစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်ခြင်း၊ စစ်မှုမထမ်းလိုပါက အတင်းအဓမ္မ ဖမ်းဆီးရန် စီစဉ်နေခြင်းတို့ကြောင့် မရာလူငယ်အများအပြား ကြောက်ရွံ့ထိတ်လန့်နေ့ကြပြီး ဘေးလွတ်ရာ မရာနယ်ပြင်ပသို့ ထွက်ပြေးထိမ်းရှောင်နေကြရကြောင်း သိရသည်။

မရာလူငယ်တို့၏ အနာဂတ်ဘဝကို ငဲ့ညှာထောက်ရှုသောအားဖြင့် NUG ပညာရေးစနစ်တွင် ပညာဆည်းပူးလိုသူများ ဆက်လက်သင်ယူနိုင်ရေးအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် သင်ကြားရေးစရိတ်များအား Maraland Council နှင့် Maraland Relief Organization (MRO) တို့ လက်တွဲပြီး ပံ့ပိုးကူညီရန် စီစဉ်ဆောင်ရွက်နေကြကြောင်း သိရသည်။

ယခုလက်ရှိတွင် မရာလဲန်းကောင်စီသည် ချင်းပြည်အစိုးရအဖွဲ့(Government of Chinland) နှင့် ချိတ်ဆက်ပြီး မရာနယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို တတ်နိုင်သည့်ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မရာနယ်(Maraland)၊ လိုင်လင်းပီမြို့ရှိ စစ်ကောင်စီစခန်းကို CDF-Mara, CDF-Lautu, CDF-Matupi, CDF-Zophei, CDF-Thantlang နှင့် CNA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *