ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဧပြီလ ၁၀ ရက်၊ ၂၀၂၅။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုနှင့် ၎င်းစစ်ဆင်ရေးတွင် ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးအ​ပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦးမှ ထုတ်ပြန်ထားသည်ကို သိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါရန် တော်လှန်ရေးအင်အားစုများအားလုံးကို တိုက်တွန်းထားကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *