အိန္ဒိယနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်များကို KWHRO မှ ဆေးဝါးများထောက်ပံ့ပေး

အိန္ဒိယနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်များကို KWHRO မှ ဆေးဝါးများထောက်ပံ့ပေး

ဧပြီလ ၁၁ ရက်၊ ၂၀၂၅။

အိန္ဒိယ-မြန်မာနယ်စပ် ကျေးရွာနှစ်ရွာရှိ မြန်မာစစ်ဘေးရှောင်များကို KWHRO အဖွဲ့နှင့် မိုးရေးအခြေပြု လူမှုအဖွဲ့စည်း KKL အဖွဲ့တို့က ဆေးဝါးထောက်ပံ့မှုနှင့် အသိပညာပေး ဟောပြောပွဲကို ယခုလအတွင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်အတွင်းတွင် တည်ရှိသည့် ရွာနှစ်ရွာရှိ မြန်မာစစ်ရှောင်ပြည်သူ တစ်ထောင်ကျော်သည် ချောင်းမြောင်းများတွင် ရေခမ်းခြောက်ကာ သန့်ရှင်းသည့်ရေ မရရှိသောကြောင့် မြန်မာစစ်ရှောင်များသည် ဝမ်းရောဂါ၊ အ‌ရေပြားယားယံခြင်း၊ ရေယုံ၊ ကျောက်ပေါက်၊ ယားနာစသည့် ရေကြောင့်ဖြစ်သည့် ရောဂါများကို ခံစားနေကြရပြီး ဆေးဝါးထောက်ပံ့ပေးခဲ့ကြောင်း KWHRO အဖွဲ့ထံမှ သိရသည်။

KWHRO အဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများကို တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ သန့်(၄)သန့် အကြောင်း ပညာပေးဟောပြောခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအားမြင့် စစ်ကိုင်းငလျင်၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဂေဟစနစ်အရ တမူးဘက်သို့ ရိုက်ခတ်မှုရှိနိုင်ကြောင်း KWHRO အဖွဲ့က ထုတ်ပြန်ထားသည်ကို သိရသည်။

မြန်မာစစ်ရှောင်များထံသို့ ဌာနေတိုင်းရင်းသားမိသားစု(တမူး) IFT အဖွဲ့နှင့် CDM ကျန်းမာ‌ရေးအဖွဲ့များက ပြီးခဲ့သည့်လတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးဟောပြောပွဲ နှစ်ကြိမ် သွားရောက်ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် ကျေးရွာနှစ်ရွာတွင် မြန်မာစစ်‌ဘေးရှောင် အိမ်ခြေ ၂၇၀ ကျော်၊ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေကြခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန်များ အခက်ခဲရှိနေကြပြီး နွေရာသီကာလ ရောက်ရှိလာသည့်အတွက် သောက်သုံးရေရှားပါးမှုလည်း ရင်ဆိုင်နေကြရကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *