မင်းတပ်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မင်းတပ်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

ဧပြီလ ၁၃ ရက်၊ ၂၀၂၅။

ချင်းပြည်၊ မင်းတပ်မြို့ ကို အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်းနှင့် ဘုရားကျောင်းအနီးအနားရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ အထိအခိုက် ရှိ/ မရှိ နှင့် အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေသည်။

မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် အကြဖမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ခရစ်ယာန်ဓမ္မဆရာတပါးနှင့်အတူ မိသားစုဝင် ၅ ဦး စုစုပေါင်း ၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မင်းတပ်မြို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ချင်းညီနောင်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းယူခဲ့ပြီး အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *