မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်လူငယ်များကို နေရပ်ပြန်ပြီး တော်လှန်ရေးထဲတွင် ပါဝင်ကြရန် မီဇိုရမ်ပြည်နယ်၏ အထက်လွှတ်တော်အမတ် တိုက်တွန်း

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်လူငယ်များကို နေရပ်ပြန်ပြီး တော်လှန်ရေးထဲတွင် ပါဝင်ကြရန် မီဇိုရမ်ပြည်နယ်၏ အထက်လွှတ်တော်အမတ် တိုက်တွန်း

ဧပြီလ ၁၃ ရက်၊ ၂၀၂၅။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေသည့် မြန်မာစစ်ရှောင်လူငယ်များကို နေရပ်ပြန်ပြီး တော်လှန်ရေးထဲတွင်ပူးပေါင်းပါဝင်ကြရန မီဇိုရမ်ပြည်နယ်၏ အထက်လွှတ်တော်အမတ် Pu K. Vanlalvena က ဧပြီလ ၁၁ ရက်နေ့တွင် တိုက်တွန်းထားသည်ကို သိရသည်။

မြန်မာစစ်ဘေးရှောင် လူငယ်များအနေဖြင့် ကိုယ့်တိုင်းပြည်လွတ်မြောက်နိုင်ရေးအတွက် နေရပ်ပြန်ပြီး တော်လှန်ရေးထဲ ပူးပေါင်းပါဝင်ကြရန် မီဇိုရမ်ပြည်နယ်၏ အထက်လွှတ်တော်အမတ် Pu K. Vanlalvena က ဧပြီ ၁၁ ရက်ဒီကနေ့တွင် ကျင်းပသည့် Mizo National Front – MNF ပါတီရုံးတွင်း အစည်းအဝေးတွင် တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် စစ်ကောင်မှ အာဏာသိမ်ယူပြီးနောက် ပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးတွင် ရောက်ရှိနေထိုင်လာကြခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးကလည်း ပြည်နယ်အစိုးရက အတက်နိုင်ဆုံး ကူညီစောင့်ရှောက်ခဲ့သော်လည်း အချိန်ကြာလာတာသည်နှင့်အမျှ အစိုးရသည်လည်း တာဝန်မယူနိုင်တော့သည့် အခြေအနေတွင် ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်သည် မီဇိုရမ်ပြည်နယ်ထက် ၃ ဆ ကြီးသည့် ပြည်နယ်ဖြစ်သော်လည်း လူဦးရေ ၅ သိန်း ဝန်းကျင်သာရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်ရန် အကူအညီ လိုအပ်နေကြကြောင်း၊ မီဇိုရမ်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်လူငယ်အများအပြားရှိနေပြီး မြန်မာစစ်တပ်ကိုအနိုင်ရရန် နေရပ်ပြန်ပြီး စစ်တပ်ကိုတိုက်ကြရန်နှင့် မီဇိုရမ်အနေဖြင့် လိုအပ်သည့်အရာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ မဏိပူရ် ပဋိပက္ခကြောင့် မီဇီုရမ်သို့ စစ်ဘေးရှောင်လာကြသည့် လူငယ်များလည်း မိမိတို့ပြည်နယ်သို့ ပြန်ကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ကြရန် မီဇိုရမ်ပြည်နယ်၏ အထက်လွှတ်တော်အမတ် Pu K. Vanlalvena မှ တိုက်တွန်းထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *