ကန်ပက်လက်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ပြည်သူတစ်ဦး အသက်သေဆုံး

ကန်ပက်လက်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ပြည်သူတစ်ဦး အသက်သေဆုံး

ဧပြီလ ၁၄ ရက်၊ ၂၀၂၅။

ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ (နတလ) ကျောင်းလမ်းခွဲအနီးတစ်ဝိုက်ကို ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ၃၀ နှစ် အရွယ် အမျိုးသားတစ်ဦး ခန္ဓာကိုယ်တစ်စစီဖြစ်ကာ အသက်သေဆုံးခဲ့ရပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေတွင်လည်း လူနေအိမ်အပါအဝင် ဌာနဆိုင်ရာအဆောက်အဦးတချို့ စုစုပေါင်း အလုံး ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။

ကန်ပက်လက်မြို့သည် အကြမ်းဖက် စစ်ကောင်စီတပ်များ စွန့်ခွာထွက်ပြေးသွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ချင်းညီနောင်က ပြန်လည်ထိန်းချုပ်နေသည့် မြို့ဖြစ်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *