Photos News
————–
တောင်ယာထမင်း
ပြာရည်ဟင်းနဲ့
ခံတွင်းမြိန်ဖူး မှန်ပါလျှင်…
မီးပုံနံဘေး
ခေါင်ရည်တေးနဲ့
ဆိုဖွဲ့ကြည်နူး သင်ဖျော်ဖူးလျှင်…
သည်မြေသာမော
သည်တောလျှိုမြောင်
သည်တောင်အလှ
ရှူမဝ၏
လရောင်ချိုမြ
ခေါင်ရည်ညကို
သင်…
သတိရဖို့ ကောင်းပါသည်…။ ။
ဝါဒိုင်ကုန်းကျေးရွာမှ ခူမီးအလှသမီးပျိုလေးများကို
ကျေးဇူးတင်လျက်။ (၇-၃-၂၀၂၅)
Photos By: Salai Benjamin

Leave a Reply

Your email address will not be published. Required fields are marked *