ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၈၉ ဦးကျဆုံး

ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၈၉ ဦးကျဆုံး

ဧပြီလ ၁၅ ရက် ၂၀၂၅။

၅ လ ကြာမြင့်သည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကြောင့် ချင်းညီနောင်အဖွဲ့နှင့်တော်လှန်ရေးပူးပေါင်း မဟာမိတ် တပ်ဖွဲ့ဝင်များမှ ရဲဘော်နှင့်ရဲမေများအပါအဝင် ၈၉ ဦးကျဆုံးပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀၀ ဦးခန့်ရှိကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့များနှင့်မဟာမိတ်တပ်ဖွဲ့ ၁၇ ဖွဲ့ ပူးပေါင်းပါဝင်သည့် ဖလမ်းမြို့ရှိ ခလရ-၂၆၈ တပ်ကုန်းစခန်း သိမ်းတိုက်ပွဲသည် ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလမှ စတင်တိုက်ခိုက်၍ ၂၀၂၅-ခုနှစ်၊ ဧပြီလ ၇ရက်နေ့တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းညီနောင်အဖွဲ့ဝင် ၅၆ ဦး၊ CNDF မှ သူနာပြု ၂ ဦးနှင့် ရဲဘော် ၄၀ ဦး ကျဆုံးကြောင်းနှင့် ၎င်းမြို့သိမ်းတိုက်ပွဲတွင် ဟောင်ဝေဇာတစ်လက်၊ လက်နက်ခဲယမ်းများစွာနှင့်အတူ ငွေသားကျပ်သိန်းပေါင်း ၄၅၀၀ သိမ်းဆည်းရမိကြောင်းလည်း သိရသည်။

စစ်သုံ့ပန်း ၂၀၀ ကျော်ဖမ်းဆီးရမိပြီး ထွက်ပြေးလျက်ရှိသည့် စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက် လိုက်လံရှာဖွေနေကြောင်း သိရသည်။

သတင်း- အားသစ်

Leave a Reply

Your email address will not be published. Required fields are marked *