ချင်းအမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းခြင်း (၄)နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပေး

ချင်းအမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းခြင်း (၄)နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပေး

ဧပြီလ ၁၅ ရက်၊ ၂၀၂၅။

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ဖွဲ့စည်းခြင်း (၄)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ကလေးမြို့သိမ်းတိုက်ပွဲမတိုင်မီက ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၏ ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။‌

ချင်းအမျိုးသားအဖွဲ့ချုပ်ဖွဲ့ (CNO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထွဋ်က လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ အနေဖြင့် မိမိတို့သွားလိုသည့် နေရာဒေသများသို့ သွားနိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုမူ လုံခြုံရေး အရ မဖော်ပြကြောင်း ဒေသတွင်းမီဒီယာသို့ ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် စစ်သုံ့ပန်း ၁၀ ‌ဦးကျော် ရှိကြောင်းသိရပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် ဖလမ်းမြို့ ခလရ-၂၆၈ တပ်ကုန်းမှ စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်လိုက်လံ ရှာဖွေနေကြောင်းလည်း သိရသည်။

သတင်း- အားသစ်

Leave a Reply

Your email address will not be published. Required fields are marked *