MDF မှ စစ်မှုထမ်းခေါ်ယူ
ဧပြီလ ၁၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ လိုင်လင်းပီမြို့တွင် MDF က အသက် ၁၄ နှစ်မှ ၄၅ နှစ်အရွယ် မရာပြည်သူများကို စစ်မှုထမ်းခေါ်ယူနေ ကြောင်း ဧပြီလ ၁၄ ရက်၊ ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။
ဧပြီလ ၁၄ ရက်နေ့က လိုင်လင်းပီမြို့တွင် ပြုလုပ်သည့် စစ်မှုထမ်းထမ်းခေါ်ယူခြင်း လူထုစည်းရုံးရေးဟောပြောပွဲ အပြီးတွင် MDF တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဒေသခံများအနေဖြင့် အေအေစစ်ဆင်ရေးထောက်ပို့အဖြစ် စစ်မှုထမ်းရန် ဆန္ဒမရှိသည့်အတွက် MDF ၏ စစ်မှု ထမ်းခေါ်ယူခြင်းကို ငြင်းဆန်ခဲ့ကြပြီး လူငယ်လူရွယ်အများအပြားမှာ ဒေသတွင်းမှ ထွက်ခွာသွားနေကြကြောင်း အတည်မပြုရသေးသည့် မြေပြင်သတင်းအရင်းအမြစ်အရ သိရသည်။
သတင်း- အားသစ်