မတူပီမြို့ကို အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဧပြီလ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလ ၁၇ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်း ၂ နာရီ ဝန်းကျင်ခန့်တွင် မတူပီမြို့ပေါ်ကို ၁ ကြိမ် နှင့် မတူပီမြို့အနီးအနား တစ်နေရာကို ၂ ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်းဖြစ်ပြီး ပါစတာ တစ်ဦး အပါအဝင် ဒေသခံပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ အစောပိုင်းမှစ၍ ချင်းပြည်ရှိ မြို့နယ်များတွင် လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများဖြစ်သည့် အကြမ်းဖက်သည့် လုပ်ရပ်များကို ဆက်တိုက်ပြုလုပ်နေပြီး ချင်းပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း များစွာဆုံးရှုံးနေကြရသည်ကို သိရသည်။
သတင်း – James Roe