Kullanıcı yorumlarında övgüyle bahsedilen Casinomhub güvenilir bir seçenektir.

Kullanıcılar hızlı işlem için casinomhub adresini seçiyor.

Avrupa’daki online bahis pazarında futbolun payı 2024 itibarıyla %61’e ulaşmıştır; bettilt giriş bu oranı kullanıcı lehine çevirmektedir.

Bahis kullanıcılarının %67’si platform seçerken güvenlik belgelerine dikkat etmektedir; bu nedenle bettilt giriş tüm lisans bilgilerini açık şekilde paylaşır.

2024 yılı itibarıyla dünya genelinde toplam 6.8 milyar bahis kuponu oluşturulmuştur; bunların bir kısmı bettilt giriş kullanıcılarına aittir.

Kumarhane atmosferini hissetmek isteyenler pinco sayfasına giriyor.

Avrupa’daki bahis kullanıcılarının %61’i kombinasyon bahislerini tercih etmektedir; bu oran bettilt giriş kullanıcılarında %67’ye ulaşmıştır.

Kayıtlı oyuncular kolayca oturum açmak için bahsegel bağlantısını kullanıyor.

Her bütçeye uygun bahis alternatifleri sunan bahsegel tüm oyunculara hitap eder.

2024 yılında yapılan global bir araştırmaya göre, kullanıcıların %60’ı “sorumlu oyun” araçlarını kullandığını belirtmiştir; bahsegel giriş bu sistemleri aktif olarak sunar.

Her oyuncuya özel bettilt fırsatlar sunan kullanıcılarını ödüllendiriyor.

Adres sorunlarını aşmak için en güncel bağlantı olan bahsegel her zaman önem taşıyor.

Mobil oyuncular için optimize edilen arayüz sayesinde bahsegel giriş slot oyunları her cihazda sorunsuz çalışır.

သူပုန်အကျဉ်းသား

ကျွန်တော်နဲ့ အတူထားတဲ့ အေအေအကျဉ်းသားတွေနဲ့ ကျွန်တော်တို့အချင်းချင်းကြား သိကျွမ်းအောင်၊ ရင်းနှီးရ အောင် မိတ်ဆက်ကြပါတယ်။

ကျွန်တော့်မှာလည်း တစ်နေ့တစ်နေ့ ဟုတ်ဟုတ်ငြားငြား လုပ်စရာမရှိတော့ သူတို့နဲ့ ဟိုဟိုဒီဒီပြောရင်း အချိန်ဖြုန်းတဲ့ သဘောပါပဲ။

သူတို့ဆီမှာလည်း ဇတ်လမ်းကိုယ်စီနဲ့ပါ။

လူတိုင်းမှာ ဇတ်လမ်းကိုယ်စီရှိကြတယ်ဆိုတဲ့စကား ရှိတယ်မဟုတ်လား။

မြတ်ဗုဒ္ဓရဲ့ ဘဝဝိမုတ္တိရှာဖွေရေးဆိုတာလည်း တစ်နည်းပြောရရင် ဇတ်လမ်းအသစ်တွေ မဖန်တီးကြဖို့ပဲလို့ ကိုယ့် နည်းကိုယ့်ဟန် နားလည်ရပါတယ်။

အဲဒီအကျဉ်းသားတွေက မောင်ငြိမ်းချမ်း(ပုဏ္ဍားကျွန်း)၊ မောင်မြောက်တောင်(ကျောက်တော်)၊ မောင်စုစုဝင်း (ကျောက်တော်)နဲ့ မောင်ရွှေလှအောင်(ရသေ့တောင်)  တို့ပါ။

မောင်ငြိမ်းချမ်းကတော့ သူ့ကောင်မလေးဆီ ဖုန်းဆက်စကားပြောရာက ပြဿနာဖြစ်ပြီး အခုလိုအပြစ်ပေးခံရတာ တဲ့။ ပြီးခဲ့တဲ့ အောက်တိုဘာလက ကုလားတန်မြစ်အရှေ့ဘက်ကမ်း ကျောက်တန်းကျေးရွာဘက် ရှေ့တန်းတစ်နေရာမှာ သူ့ကောင်မလေးဆီ ဖုန်းဆက်ရာက စ,တယ်။

ဖုန်းပြောနေတာကို သူ့အထက်လူကြီး တပ်ကြပ်ကြီးက မြင်သွားတယ်။

အရာရှိတွေကလွဲရင် ရဲဘော်အဆင့်ရှိတဲ့ တပ်သားတွေကို ဖုန်းသုံးခွင့်ပိတ်ပင်တဲ့ အမိန့်ထုတ်ပန်ထားတာလည်း တစ်ရက်နှစ်ရက်ပဲ ရှိသေးတဲ့အချိန်။ ဖြစ်ချင်တော့ ရည်းစားနဲ့စကားပြော ကောင်းတုန်းမှာ…

“ဖုန်းမဆက်ရဘူးဆိုတာ မသိဘူးလား…”

အထက်လူကြီးက ဆူပြောပြောတော့ သူလည်းဒေါသနဲ့ ဖုန်းကိုရိုက်ခွဲပစ်လိုက်မိသတဲ့။

နောက်တော့ သူကိုယ်တိုင်က ဖုန်းကိစ္စကို မေ့မေ့ပျောက်ပျောက် ရှိသွားပေမယ့် ညဘက်အရက်ဝိုင်းမှာ အထက် လူကြီးက ဖုန်းကိစ္စအစဖေါ်ပြီး ထပ်တလဲလဲမေးနေတာကို ဒေါသမထိန်းနိုင်လို့ ကိုယ့်လက်ညှိုးကိုကိုယ် ဓားမြောင်နဲ့ ဖြတ်လိုက်တာ၊ ရလဒ်က အကျဉ်းသားပေါ့။

တကယ်တော့ သူ့ဇတ်လမ်းကခပ်ရှုပ်ရှုပ်။ သူကအိမ်ထောင်သည် ကလေးနှစ်ဦးအဖေ။ အေအေတပ်သားဖြစ်လာတာ ၂ နှစ်ကျော်လာတော့ အိမ်ကအမျိုးသမီးနဲ့လည်းအဆက်အသွယ်ပြတ်။ အမျိုးသမီးက နောက်တစ်ပင်ထူနေပြီဆိုတဲ့ သတင်းလည်းကြားရ။

အခုတော့ လက်ညှိုးတစ်ချောင်းပြတ်နေတဲ့သူ့ကို သူငယ်ချင်းရဲဘော်တွေက “လက်ပိုင်း(လက်ပြတ်)…”လို့ နာမည် ပြောင် ခေါ်နေနေပါတယ်။

ကျွန်တော့်အမြင်မှာတော့ အေအေရဲဘေ်အချုပ်သားလေးဦးထဲမှာ သူ့ကိုစိတ်ထားကောင်းရှိတဲ့သူလို့ မှတ်ချက်ပြုပါတယ်။ တစ်ခါတစ်လေ ကျွန်တော့်အဝတ်တွေတောင် ရေခပ်သွားရင်းလျော်ဖွတ်ပေးခဲ့ပါသေးတယ်။

နောက်တစ်ဦးကတော့ မောင်စုစုဝင်း ပါ။

သူက အစိုးရတပ်ကနေထွက်ပြေးလာပြီး အေအေနဲ့ ပူးပေါင်းလာသူဖြစ်ပါတယ်။ အရင်အစိုးရတပ်ထဲနေစဉ်က ကရင်ပြည်နယ်ဘက် တာဝန်ကျဖူးပြီး တိုက်ပွဲအတွေ့အကြုံလည်းရှိတယ်လို့ ပြောပါတယ်။

ကရင်တွေရဲ့ စခန်းတစ်ခုကို တစ်လကျော်ကြာတိုက်ပြီး သိမ်းလိုက်နိုင်ကြောင်းလည်း ပြောဖြစ်ပါသေးတယ်။ နောက်ပိုင်း အစိုးရတပ်ကနေထွက်ပြေးပြီး မိမိတို့ရခိုင်တပ်တော်ထဲ ဝင်ပါနေတာဖြစ်ပါတယ်။

သူ့ဖြစ်စဉ်က အစိုးရတပ်နဲ့ တိုက်ပွဲတစ်ခုမှာ မိုင်းစမှန် မျက်လုံးထိလို့ ကျောက်တော်က ဆွေးမျိုးနီးစပ်အိမ်မှာ ဆေး ကုသမှုခံယူရင်း တစ်ညသား အရက်မူးမူးနဲ့ အိမ်ပိုင်ရှင်သမီးရဲ့ ခြင်ထောင်ထဲမှားဝင်မိလို့ ပြစ်ဒဏ်ချခံရတာပါတဲ့။ သူကောင်းသားက လွယ်မယ့်ပုံမပေါ်။

နောက်ထပ်နှစ်ယောက်ကတော့ မောင်မြောက်တောင်နဲ့ မောင်ရွှေလှအောင်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က အေအေအဖွဲ့ထဲရောက်လာပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် တပ်မဟာ-၃ မှာ တာဝန်ထမ်းဆောင်ခဲ့ပါသတဲ့။

ယခင် ပလက်ဝမြို့နယ်၊ အုန်းသီးဝရွာအနီးတိုက်ပွဲနဲ့ မြိတ်ဝရွာအနီး တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါသတဲ့။ မီးဝ ၄၅ ရက် တိုက်ပွဲမှာလည်း ပါဝင်ခဲ့ကြောင်း ပြောပါတယ်။

အစာရေစာ ရှားပါးမလုံလောက်တာ၊ ရှေ့တန်းမကြာခဏသွားရတာနဲ့ အထက်အရာရှိတွေရဲ့ ဆဲဆိုမှုဒဏ်တွေကို မခံနိုင်လို့ အေအေတပ်ကနေ ထွက်ပြေးခဲ့တာပါတဲ့။

ပလက်ဝနယ်ထဲက တစ်ရွာပြီးတစ်ရွာ အစာရေစာအငတ်ခံပြီး ထွက်ပြေးလာလိုက်တာ နောက်ဆုံး ပလက်ဝဆိပ် ကမ်း လိုင်းစက်လှေထဲ သုံးညအိပ်။ နောက်တော့ ပလက်ဝမြို့ပေါ်က အေအေအမာခံတွေက ခြေရာခံမိသွားလို့ ထိန်းသိမ်းခံရတာလို့ ပြောပါတယ်။

ကျွန်တော်ကတော့ ကိုယ့်ရဲ့ အတိဒုက္ခကို ခဏမေ့ပြီး သူတို့လေးတွေအတွက် စဉ်းစားခန်းဖွင့်နေမိတယ်။

တစ်မြေတည်းနေ တစ်ရေတည်းသောက် နိုင်ငံသားညီအစ်ကိုတွေ အမျိုးမျိုးအဖုံဖုံနဲ့ သူ့နည်းသူ့ဟန် ဒုက္ခရောက် လိုက်ကြပုံများ။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထက် ဘယ်သူတွေက ဒုက္ခခံသင့်ပြီး ဘယ်သူတွေက စည်းစိမ်ချမ်းသာ စံစားသင့်ပါသလဲ။

ကိုယ်စီဇတ်လမ်းနဲ့ဆိုပေမယ့် ကိုယ့်ဇတ်ညွှန်းကိုယ်ရေးပြီး ကိုယ်တိုင်က,ရတာမျိုးထက် သူများရေးထားတဲ့ ဇတ်ညွှန်းကို လိုက်က,နေရသူများ တယ်လည်းဒုက္ခများရတာပဲ။

ကျွန်တော်လည်း ဘာထူးသေးလဲ။ အေအေရေးတဲ့ ဇတ်ညွှန်းအတိုင်း လိုက်က,နေရပြီမဟုတ်လား အခု။ ဒီထက်ပိုခက်တာက အဲဒီဇတ်ညွှန်းကို ကြိုဖတ်ခွင့်မရတာပါပဲ။

ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ထဲကနေ တိုးတိုးလေးသတိပေးမိတယ်။

“မောင်ဝှေ့တင်း မင်းလည်းဇတ်လမ်းတွေ အများကြီးမဖန်တီးမိ‌စေနဲ့…။ အခုလက်ရှိဇတ်လမ်းကိုပဲ ငိုဟယ်ရယ်ဟယ်နဲ့ အကောင်းဆုံးဖြစ်အောင် က,လိုက်ပေါ့…” လို့။

ကျွန်တော့်ကိုဖြင့် ဒီနေ့၊ ဒီညလည်း ထိပ်တုံးခတ်ထားဆဲပါပဲ။

*********

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ဒီနေ့တော့ အေအေစာရေးကြီးတစ်ယောက်က ကျွန်တော်ရဲ့ ကိုယ်ရေးအကျဉ်းကိုယူပါတယ်။ မှတ်တမ်းဓာတ်ပုံရိုက်ပြီး နာမည်၊ အသက်၊ ဇာတိ…စတဲ့ ကိုယ်ရေးအကျဉ်းလောက်ပဲ ယူတာပါ။

သူ(အေအေစာရေးကြီး)က အရင်ကကျောင်းဆရာ လုပ်ဖူးခဲ့သူတစ်ဦးဖြစ်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် အေအေထဲရောက်လာသူလို့ သူနဲ့စကားစမြည်ပြောရင်း သိရပါတယ်။

သူကကွန်ပြူတာကိုလည်း ထိုက်သင့်သလောက် သုံးတတ်သူဖြစ်ပါတယ်။ စကားကိုအေးအေးပြောတတ်ပြီး ကင်မရာတစ်လုံးလွယ် ကုလားတန်မြစ်အတွင်း သွားလာသာနေတဲ့ မြင်ကွင်းတွေကိုသစ်ပင်ပေါ်တတ်ပြီး ဓါတ်ပုံရိုက်နေ တတ်ပါတယ်။ သူ့ပုံသဏ္ဍန်ကြည့်ရတာ မျက်လုံးတစ်ဖက် စွေစောင်းနေသယောင်ရှိတယ်လို့ သတိထားမိပါတယ်။ နာမည်ကိုတော့ မသိ။

သာမန်အချိန်မှာသာ သူနဲ့ကျွန်တော် ဆုံဖြစ်ခဲ့ရင်။

သူက ပညာရေးဝန်ထမ်း၊ ကျွန်တော်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်။ ဒီတော့ သူ့ဆီက သာမန်ထက်ပိုတဲ့ လေးစားသမှုပြုတဲ့ အမူအယာတွေ ကျွန်တော်ရကောင်းရနိုင်ပါတယ်။

ဒါပေမယ့် အခုနေများမှာဖြင့် သူကအုပ်စိုးသူ၊ ကျွန်တော်က အပြစ်သား။ သူ့ရဲ့ လူ့ဂုဏ်သိက္ခာကို အလေးထားသ လောက် ကိုယ်ချင်းစာနာမှုကိုပဲ ကျွန်တော်ရခဲ့ပါတယ်။ ဒါကိုပဲ ကျေးဇူးတင်လှပါပြီ။

လောကဓံတရားများ တစ်ခါတစ်ခါဖြင့် ရယ်ရွှင်ဖွယ်လည်းကောင်းသလို ကြောက်မက်ဖွယ်လည်း ကောင်းပါတယ်။

ဒီနေ့က ကျွန်တော်အေအေလက်ထဲရောက်နေတာ ၃ ရက်ရှိပါပြီ။

၃ ရက်သာဆိုပေမယ့် အတော်ကြာမြင့်တဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသူတစ်ဦးလို ခံစားခဲ့ရပါတယ်။

ခရီးရက်ရှည်သွားရသူတစ်ယောက် ဒါမဟုတ် ပြည်ပခရီးရက်ရှည်သွားရာက ပြန်လာသူတစ်ယောက် ကိုယ့်မိသားစုထဲ၊ ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းကြားထဲ အပြောင်းအလဲကြီးကြီးမားမား ဖြစ်များသွားပြီလားလို့ သတင်းနားစွင့်နေရ သူတစ်ယောက်ရဲ့ ခံစားချက်မျိုးပါ။

အေအေစာရေးကြီးနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ အေအေဟာ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးခဲ့တာနေမယ်လို့ စ,တွေးနေမိပါတယ်။ ဒါပေမယ့် ကိုယ်ကနိုင်ငံရေးရဲ့ အထင်ကရပုဂ္ဂိုလ်မဟုတ်တာရယ်၊ ပြီးတော့ ချင်းပြည်နယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်နေတာရယ်ကြောင့် မဟုတ်တန်ရာဆိုပြီး စိတ်ကိုပြန်တင်းထားမိပါတယ်။

အေအေက အစိုးရကိုလက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ဖမ်းချင်းဖမ်းရင် အစိုးရနဲ့အပေးအယူ လုပ်လို့ရနိုင်လောက်တဲ့ ပုဂ္ဂိုလ်မျိုးကိုပဲ ဖမ်းမှာပေါ့။ ကိုယ်က ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်တယ် ဆိုတာကလွဲရင် ဘာမှမဟုတ်။

ပြီးတော့ ကျွန်တော်က ချင်းပြည်နယ်ရဲ့ ကိုယ်စားလှယ်ဖြစ်တာကြောင့် ရခိုင်(အေအေ)တွေအနေနဲ့ ညီအစ်ကို တိုင်းရင်းသားအချင်းချင်း မျက်နှာပူရမယ့်အလုပ်ကို မလုပ်လောက်ဘူးလို့ ယုံကြည်နေမိပါတယ်။

ဒါလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ပြန်နှစ်သိမ့်နည်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒါပေမယ့် ကျွန်တော် စိတ်ဓါတ်ကျစ ပြုနေပြီဆိုတာတော့ သေချာနေပါတယ်။

တစ်ခါတစ်လေ အေအေစာရေးကြီး ကင်မရာတစ်လုံးနဲ့ အပင်ပေါ်တက် ဓါတ်ပုံရိုက်နေတာကို အဓိပ္ပာယ်မရှိ ဒီအ တိုင်းငေးကြည့်နေမိတဲ့ အချိန်တွေရှိခဲ့တယ်။

သတင်းအတွက်လား ဒါမှမဟုတ် အလှမှတ်တမ်းအတွက်လားဆိုတာ အဲဒီတုန်းက ဝေခွဲမရခဲ့၊ သတိလည်း မထားမိခဲ့။ ဒီအတိုင်း ကြည့်မိကြည့်ရာ ကြည့်နေမိတဲ့ သဘောပါပဲ။

ဟာလာဟင်းလင်းဖြစ်နေတဲ့ စိတ်ကိုပြန်စုစည်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သတိပေးရတယ်။ သတိထားမိတဲ့အချိန်မှာဖြင့် အိပ်မက်ကလန့်နိုးလာသူ တစ်ယောက်လို။

ဒီညလည်း ကျွန်တော့်ကို ထိပ်တုံးခတ်ထားဆဲပါပဲ။

*********

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ကျွန်တော်အေအေလက်ထဲရောက်တာ ၄ ရက်ပြည့်တဲ့နေ့။

ဒီမနက်တော့ ကျောက်တန်းရွာဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်နေတာကို အတိုင်းသားကြားနေရတယ်။

တစ်စပ်တည်းမှာပဲ အဲဒီနေ့က RFA ရေဒီယို အစီအစဉ်ကနေ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က လွှတ်တော်အစည်းအဝေးတတ်ရောက်ဖို့ ထွက်ခွာလာတဲ့ ချင်းပြည် နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပလက်ဝ-ကျောက်တော်ကြား ရေလမ်းခရီးမှာ အေအေရဲ့ ဖမ်းဆီးခြင်းခံရကြောင်း အသံလွှင့်သတင်း ကြားရပါတယ်။

ဒါပေမယ့် အေအေဘက်က တစ်စုံတစ်ရာပြောဆိုသံကိုတော့ မကြားရ။ သူတို့ဘက်က တစ်ခုခုပြောလိမ့်မယ်လို့ တော့ ထင်ပါတယ်။ ဦးဝှေ့တင်းဟာ ရခိုင့်တော်လှန်ရေးကို ဘယ်လိုအ‌နှောင့်အယှက်ပေးလို့ ဖမ်းဆီးရတာပါ။ ဒါမှ မဟုတ် မှားယွင်းဖမ်းမိတာပါ၊ မကြာခင်ပြန်လွှတ်ပေးမှာပါ… စသည်ဖြင့်ပေါ့။

အေအေဘက်က တုန့်ပြန်ပြောဆိုတဲ့ မှတ်ချက်စကားတွေ အခုထိဘာမှ မကြားရ။ မကြားရဆို သူတို့ဘက်ကပြောတာ ရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော့်အတွက် သတင်းရနိုင်တဲ့ချန်နယ်က အကန့်အသတ်ရှိတယ် မဟုတ်လား။

အခုကြားရတာတောင်မှ အေအေတပ်သားအချို့ တိုးတိုးတိတ်တိတ်နားထောင်ရတဲ့ ရေဒီယိုအဟောင်းက ကြားရတဲ့သတင်း ဖြစ်ပါတယ်။ နောက်ရက်တွေများတော့ ရေဒီယိုသံ ထပ်မကြားရတော့ပါဘူး။

အေအေရဲဘော်တွေရဲ့ ကောလဟာလသတင်းအရ ဒုဗိုလ်ဝေလက သူ့ရဲဘော်တွေကို ရေဒီယိုနားထောင်ခွင့် ပိတ်ပင်ထားပါသတဲ့။ ဒီတော့ ကျွန်တော်ရဲ့ တစ်ကိုယ်ရေပြင်ပဆက်သွယ်ရေး ချန်နယ်တစ်ခုလည်း ပျောက်ဆုံးသွားခြင်း အဖြစ်ကိုရောက်သွားတယ် ဆိုပါတော့။

အဲဒီနေ့မှာပဲ  ကျွန်တော်နဲ့အတူအဖမ်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတွေကို စစ်တွေကနေတစ်ဆင့် ကိုယ်ပိုင်လေယဉ်နဲ့ ရန်ကုန်ကနေ အိန္ဒိယကို တိုက်ရိုက်ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းကို အေအေရဲဘော်တွေရဲ့ တီးတိုးစကားသံနဲ့ သိခဲ့ရပါတယ်။

အေးပေါ့။ သူတို့က နိုင်ငံကိုယ်စားပြု သံခင်းတမန်ခင်းလမ်းကြောင်းနဲ့ လွယ်လင့်တကူ လွတ်သွားနိုင်တာပေါ့။

ကျွန်တော့်မှာသာ ကိုယ့်ကိုယ်ကိုယ် ဖူးသစ်စမြန်မာ့ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုဆိုပြီး အထင်ကြီးတစ်ခွဲသားနဲ့ပေမယ့် တကယ့်လက်တွေ့မှာ အခုထိ ဘာမှဖြစ်မလာ။

ဘာမှဖြစ်မလာဘူးဆိုတာထက် ကိုယ်ထင်သလိုဖြစ်မလာတာပါ။ ကျွန်တော့်အထင်မှာ ဖြစ်လာသင့်တာက ပြည်ထောင်စုလွှတ်တော်အ‌နေနဲ့ ကျွန်တော့်လွတ်မြောက်ရေးအတွက် အစိုးရကို ဖိအားပေး။ အစိုးရကလည်း စစ်ရေးအင်အားအလုံးအရင်းနဲ့ အေအေကို ဖိအားပေးပေါ့။

တစ်ဖက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လည်း နိုင်ငံရေးနည်းနဲ့ ဖိအားပေးပြီး သူတို့ပါတီဝင်လွတ်မြောက်ရေးကို လုပ်ပေါ့။ လုပ်ဆိုတဲ့နေရာမှာလည်း တရားဝင်နည်းလမ်းရော၊ တရားမဝင်နည်းရောသုံးပြီး လုပ်ပေါ့။ လိုရင်းက သူပုန်လက်ထဲက လွတ်မြောက်လာဖို့ပဲ မဟုတ်လား။

ဒါပေမယ့် စောစောကပြောသလို အခုထိတော့ ဘာမှဖြစ်မလာပါဘူး။

ဖြစ်လာတာက ဖူးသစ်စမြန်မာ့ဒီမိုကရေစီရဲ့ ပြယုဂ်ကလေးဟာ သူပုန်တွေလက်ထဲ သံခြေချင်းနဲ့ ထိပ်တုံးခတ်ခံထားရတဲ့ သူပုန်အကျဉ်းသားတစ်‌ဦးမျှသာ။

အပိုင်း (၅) ဆက်လက်ဖတ်ရှုကြပါရန်။

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *