ချင်းပြည်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ချင်းပြည်သူများ အသက်ဆုံးရှုံး

ချင်းပြည်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ချင်းပြည်သူများ အသက်ဆုံးရှုံး

ဧပြီလ ၁၉ ရက်၊ ၂၀၂၅။

 

ချင်းပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းကြောင့် ၂၀၂၅ ခုနှစ် ဧပြီလထဲတွင် ချင်းပြည်သူ ၁၃ ဦး အသက်ဆုံးရှုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး  လူနေအိမ်နှင့် အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှု ၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်မှုသည် မင်းတပ်မြို့နယ်တွင် ဧပြီလ ၁ ရက်၊ ၉ ရက်၊ ၁၃ ရက်နေ့တို့တွင် ချင်းပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိပြီး ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းအပါအဝင် အဆောက်အဦ ၃၀ ကျော် ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို သိရသည်။

 

ကန်ပက်လက်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ခံရပြီး ချင်းပြည်သူ ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးနှင့် အဆောက်အဦ ၆၀ ကျော် ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

 

တီးတိန်မြို့နယ်တွင် ဧပြီ ၉ ရက်နေ့တွင် ကလေးသူငယ်အပါအဝင် အမျိုးသမီး ၆ ဦး သေဆုံးပြီး အဆောက်အဦ ထိခိုက်ပျက်စီးမှုများခဲ့ပြီး မတူပီမြို့နယ်တွင် ဧပြီ ၁၇ ရက်နေ့တွင် ၂ ကြိမ် တိုက်ခိုက်ခံရသည့်အတွက် ချင်းပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်နှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

 

ချင်းပြည်ရှိ မင်းတပ်၊ တီးတိန်၊ ကန်ပက်လက်၊ မတူပီ မြို့များတွင် အကြမ်းဖက်စစ်ကောင်စီက ဧပြီလအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်း – James Roe

 

Leave a Reply

Your email address will not be published. Required fields are marked *