တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ZFU / PDF – Zoland ပြင်ဆင်နေ

တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ZFU / PDF – Zoland ပြင်ဆင်နေ

ဧပြီလ ၁၉ ရက် ၊ ၂၀၂၅။

ချင်းပြည်၊ တီးတိန်မြို့ကို တိုက်ယူရန် ပြင်ဆင်နေကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင်  ZFU / PDF Zoland ၏ တန်းမြှင့်သင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲတွင် ထုတ်ပြန်ထားသည်ကို သိရသည်။

“ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့(တီးတိန်မြို့) ငါတို့ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်​နေပါတယ်။ တော်လှန်​ရေး​အောင်ပွဲ​တွေ ယူ​ဆောင်လာ​ပေး​နေ​သော ချင်းညီ​နောင်စစ်ဆင်​ရေးတခုဖြစ်​သော တီးတိန်စစ်ဆင်​ရေးကို အောင်လံအတူတူ စိုက်ထူဖို့ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပြည်သူပြည်သား အားလုံးက ပါဝင်အားဖြည့်​ပေးပါရန် တိုက်တွန်းလိုက်ပါသည်…” ဟု ZFU / PDF – Zoland ထုတ်ပြန်ထားသည်ကို သိရသည်။

ZFU / PDF – Zoland တပ်ဖွဲ့သည် ဧပြီလ ၉ ရက်နေ့တွင် သိမ်းယူခဲ့သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ပြီး တပ်ဖွဲ့ဝင် (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်ရှိကျန်နေသည့် တီးတိန်မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *