တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ZFU / PDF – Zoland ပြင်ဆင်နေ
ဧပြီလ ၁၉ ရက် ၊ ၂၀၂၅။
ချင်းပြည်၊ တီးတိန်မြို့ကို တိုက်ယူရန် ပြင်ဆင်နေကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ZFU / PDF Zoland ၏ တန်းမြှင့်သင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲတွင် ထုတ်ပြန်ထားသည်ကို သိရသည်။
“ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့(တီးတိန်မြို့) ငါတို့ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေပါတယ်။ တော်လှန်ရေးအောင်ပွဲတွေ ယူဆောင်လာပေးနေသော ချင်းညီနောင်စစ်ဆင်ရေးတခုဖြစ်သော တီးတိန်စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပြည်သူပြည်သား အားလုံးက ပါဝင်အားဖြည့်ပေးပါရန် တိုက်တွန်းလိုက်ပါသည်…” ဟု ZFU / PDF – Zoland ထုတ်ပြန်ထားသည်ကို သိရသည်။
ZFU / PDF – Zoland တပ်ဖွဲ့သည် ဧပြီလ ၉ ရက်နေ့တွင် သိမ်းယူခဲ့သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ပြီး တပ်ဖွဲ့ဝင် (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်ရှိကျန်နေသည့် တီးတိန်မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
သတင်း – James Roe