ကလေးဒေသတော်လှန်ရေးတပ်ဖွဲ့ KRF နှင့် RKDF က တပ်သားသစ်များ ဖိတ်ခေါ်
ဧပြီ ၂၂ ရက်၊ ၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးအရှိန် အဟုန်မြှင့်တင်ရန် တပ်သားသစ်များဖိတ်ခေါ်လျက်ရှိကြောင်း ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ထားသည်ကို သိရသည်။
ကလေးဒေသတော်လှန်ရေးတပ်တွင် အသက် (၁၈) နှစ်မှ ၄၀ နှစ်အတွင်းရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လွတ်လပ်မျှတ ငြိမ်းချမ်းသည့် ဖယ်ဒရယ်ဒီမို ကရေစီပြည်ထောင်စုသစ် ဖြစ်ပေါ်ရေးအတွက် စိတ်အားထက်သန် ယုံကြည်စွာ ပါဝင်ဆောင်ရွက်လိုသော မည်သူမဆို ဝင်ရောက်နိုင်ကြောင်း ကလေးဒေသတော်လှန်ရေးတပ် (KRF) က ထုတ်ပြန်ထားချက်ကို ကိုးကားဖော်ပြထားသည့် ဒေသခံသတင်းအရင်းအမြစ်အရ သိရသည်။
တပ်သားသစ်များခေါ်ယူခြင်းသည် တော်လှန်ရေး အရှိန်ဟုန်မြှင့်တင်နိုင်ရန်နှင့် တပ်ကိုလည်း ပိုမို တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ချက်ကြောင့် တပ်သားသစ်များ ခေါ်ယူခြင်း ဖြစ်ကြောင်း ကလေးဒေသတော်လှန်ရေးတပ် (KRF) တာဝန်ရှိသူတစ်ဦးမှ ပြောကြားထားသည်ကို သည်ရသည်
KRF တပ်ဖွဲ့သည် ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကလေးဒေသအခြေပြု တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲရန် တပ်သားသစ်အဖြစ် လျှောက်ထားလိုပါက (KRF) Page Messenger မှ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ထိုနည်းတူ Ranger Kalay Defence Force/ RKDF ကလည်း ရဲဘောအသစ်များ ခေါ်ယူနေကြောင်း သိရသည်။
သတင်း – အားသစ်