စစ်ဘေးရှောင်များ၏ ဝင်ငွေရလုပ်ငန်းများကို ပိတ်ပင်ခြင်းမှာ မဖြစ်သင့်ကြောင်း မီဇိုရမ်အထက်လွှတ်တော် အမတ် K.Vanlalvena ပြောကြား

စစ်ဘေးရှောင်များ၏ ဝင်ငွေရလုပ်ငန်းများကို ပိတ်ပင်ခြင်းမှာ မဖြစ်သင့်ကြောင်း မီဇိုရမ်အထက်လွှတ်တော် အမတ် K.Vanlalvena ပြောကြား

ဧပြီ ၂၁ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ မိသားစုစားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်များရောင်းခြင်းနှင့် တစ်ခြားသော  စီးပွားရေးများလုပ်ခြင်းအပေါ်  မီဇိုရမ်ရှိ ပြည်သူတစ်ချို့၏ လိုလားမှုမရှိကြကြောင်းနှင့် ပတ်သက် ၍ စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် လိုအပ်သည့်အရာများကို မိမိတို့ကမပေးနိုင်လျှင် သူတို့ ဘာသာသူတို့ရှာဖွေရန်လိုအပ်ကြောင်း မီဇိုရမ်အထက်လွှတ်တော်အမတ် K.Vanlalvena၏  ဧပြီလ ၂၁ ရက်နေ့ ပြောကြားချက်ကို ကိုးကားဖော်ပြသည့် ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

“ဒါဆိုသူတို့ကိုအစာငတ်ပြီးသေခိုင်းမလို့လား၊ ကျွန်တော်တို့ဘက်က စားစရာတွေမပေးနိုင်ရင် သူတို့ဘာသာ သူတို့ ရှာဖို့လိုတယ်မဟုတ်လား၊ စစ်ရှောင်တွေကို စျေးဆိုင်ဖွင့်ခွင့် ပိတ်ပင်ထားမယ်ဆိုရင် ဘယ်ကနေ သူတို့ ပိုက်ဆံရမှာလဲ၊ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းကြမှာလဲ၊ ကျွန်တော်တို့က မပေးနိုင်ဘူးလေ၊ ဒီစကား ကြောင့် ကျွန်တော့်ကိုမုန်းမယ်ဆိုရင်လည်း ရပါတယ်။ ကျွန်တော်ရဲ့ရပ်တည်ချက်နဲ့ခံယူချက်ကိုတော့ ဘယ်လိုမှ ပြောင်းလဲလို့မရဘူး…” ဟု မီဇိုရမ်အထက်လွှတ်တော်အမတ် K.Vanlalvena က ပြောသည်။

၂၀၂၁-ခုနှစ်၊ အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ချင်းပြည်နယ်ရှိ အိုးအိမ်မဲ့ပြည်သူများ မီဇိုရမ်သို့ စစ်ဘေးရှောင်များအဖြစ် အများစုဝင်ရောက်ပြောင်းရွှေ့ ခိုလှုံခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းကို ဒေသခံများ၏ ပိတ်ပင်တားဆီးမှုများကို ခံနေရခြင်းဖြစ်သည်။

သတင်း – အားသစ်

Leave a Reply

Your email address will not be published. Required fields are marked *