ဟားခါးမြို့ရှိ ပြည်သူများထံမှ ငွေညှစ်လုယက်သည့် ရဲတပ်သား(၂) ဦးကို CDF-Hakha ဖမ်းဆီးထိန်းသိမ်း
ဧပြီလ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ပြည်သူများထံမှ ငွေညှစ်လုယက်မှု ပြုလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား(၂) ဦးကို ပစ္စည်းတစ်ချို့နှင့်အတူ CDF-Hakha မှ ဧပြီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ယနေ့တွင် သိရသည်။
အဆိုပါ ရဲတပ်သား(၂) ဦး သည် ဟားခါးမြို့ရှိ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးပြီး ခြိမ်းခြောက်၍ ငွေညှစ်လုယက်နေသည့်အတွက် CDF-Hakha မှ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူများထံမှ ပစ္စတို ၁ လက်နှင့် ခဲယမ်းတချို့၊ ဖုန်း ၇ လုံး၊ ငွေကြေးတချို့နှင့် စားသောက်ကုန်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဆက်လက်၍ အပြစ်မဲ့ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအား CDF-Hakha အနေဖြင့် လိုက်လံအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည် သိရသည်။
သတင်း – အားသစ်