Weekly News Summary 10

မင်္ဂလာပါ… ခူမီးမီဒီယာကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုချိန်မှာတော့ “တစ်ပတ်အတွင်း သတင်းအနှစ်ချုပ် အစီအစဉ်” ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ခူမီးမီဒီယာကနေ တစ်ပတ်အတွင်း တင်ဆက်ခဲ့တဲ့ သတင်းတွေထဲက ကောင်းနိုးရာသတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ယခုအစီအစဉ်မှာ ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့- – မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်လူငယ်များကို နေရပ်ပြန်ပြီး တော်လှန်ရေးထဲတွင်ပါဝင်ကြရန် မီဇိုရမ်ပြည်နယ်၏ အထက်လွှတ်တော်အမတ် တိုက်တွန်း၊ – ချင်းချာတာမူကြမ်း ရေးဆွဲပြီးဖြစ်၍ ညီလာခံခေါ်ယူပြီး အတည်ပြုသွားမည်ဖြစ်ပြောင်း ICNCC ပြော၊ – ချင်းအမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းခြင်း (၄)နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပေး၊ – ကလေးမြို့တွင် ဗုံးပေါက်ကွဲပြီး ချင်းလူမျိုး ကလေးငယ်နှစ်ဦး သေဆုံး၊ – တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်၊ – ပလက်ဝမြို့နယ်မှာ အေအေတပ်ဖွဲ့က ဝတ်ပြုခွင့်နှင့် လူစုဝေးခွင့် တင်းကြပ်စွာတားမြစ်၊ – မတူပီမြို့ကို အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ – ပလက်ဝမြို့နယ်မှာ အေအေတပ်ဖွဲ့က ချင်းရိုးရာသေနတ်များ ကိုင်ဆောင်ခွင့်တားမြစ်၊ – ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလအတွင်း ဗုံးကြဲတိုက်ခိုက်မှု၊ – စစ်ကောင်စီက ချင်းပြည်အတွင်း ဗုံးကဲတိုက်ခိုက်မှု၊ – ပလက်ဝဒေသခံများအား ဧည့်စာရင်းတိုင်ကြားစေခြင်းနှင့် အသွားအလာ ကန့်သတ်ထိန်းချုပ်မှု များ အေအေပြုလုပ် … စတဲ့ သတင်းတွေကို ကြည့်ရှုနားဆင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *